Quran with Burmese translation - Surah Ar-Ra‘d ayat 25 - الرَّعد - Page - Juz 13
﴿وَٱلَّذِينَ يَنقُضُونَ عَهۡدَ ٱللَّهِ مِنۢ بَعۡدِ مِيثَٰقِهِۦ وَيَقۡطَعُونَ مَآ أَمَرَ ٱللَّهُ بِهِۦٓ أَن يُوصَلَ وَيُفۡسِدُونَ فِي ٱلۡأَرۡضِ أُوْلَٰٓئِكَ لَهُمُ ٱللَّعۡنَةُ وَلَهُمۡ سُوٓءُ ٱلدَّارِ ﴾
[الرَّعد: 25]
﴿والذين ينقضون عهد الله من بعد ميثاقه ويقطعون ما أمر الله به﴾ [الرَّعد: 25]
Ba Sein ၂၅။ သို့သော်အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ကတိသစ္စာပြုပြီးမှ မိမိကတိသစ္စာကို ဖောက်ကြ၏။ အလ္လာဟ် အရှင်မြတ်က အတူတကွစုရုံးပေါင်းသင်းထားရမည်ဟု ဗျာဒိတ်ပေးတော်မူသောအရာများကို တကွဲတပြားဖြစ်စေ ကြ၏။ ကမ္ဘာမြေပေါ်၌ ဒုစရိုက်မကောင်းမှုပွားများကြ၏။ ထိုသူတို့အဖို့ ကျိန်ဆဲခြင်းရှိ၏။ သူတို့အဖို့ မကောင်း သောဗိမာန်ရှိ၏။ |
Ghazi Mohammad Hashim သို့ရာတွင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ်ဝန်ခံချက်ကို ယင်းပဋိညာဉ်ခံဝန်ချက်ကို အခိုင်အမာပြုလုပ်ပြီးနောက် ဖောက်ဖျက်ကြကုန်၏။ ထို့ပြင်၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ဆက်စပ်၍ထားရန် အမိန့်ပေးတော်မူသည်များကိုလည်း ဖြတ်တောက်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် ကမ္ဘာမြေဝယ် ဆူပူသောင်း ကျန်းလျက်လည်းရှိကြကုန်၏။ ထိုကဲ့သို့သူတို့၌ ကရုဏာတော်မှ ကင်းဝေးခြင်းသည်ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၌ ထိုလောက၏အကျိုးယုတ်မှုသည်လည်း ရှိပေမည်သတည်း။ |
Hashim Tin Myint ထို့ပြင် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်နှင့် ထားရှိသော ကတိဝန်ခံချက်အား ထိုကတိဝန်ခံချက်ကို ခိုင်မာစွာ ပြုလုပ်ပြီးနောက်မှ ဖောက်ဖျက်ကြသည်။ ၎င်းနောက် သူတို့သည် အလ္လာဟ်အရှင်မြတ်က (ဆွေမျိုးသားချင်းနှင့်)ဆက်ရန် အမိန့်ပေးထားသည်များကို ဖြတ်တောက်ကြသည်။ ထို့ပြင် သူတို့သည် ကမာ္ဘမြေ၌ ဖျက်ဆီးမှုများ ပြုလုပ်နေကြသည်။ သူတို့အပေါ်တွင် ကရုဏာတော်မှ ကင်းဝေးမှုရှိမည်။ ထို့ပြင် သူတို့အတွက် အလွန်ဆိုးဝါးသောအိမ်(နေရာထိုင်ခင်း)ရှိမည်။ |