Quran with Burmese translation - Surah Ar-Ra‘d ayat 34 - الرَّعد - Page - Juz 13
﴿لَّهُمۡ عَذَابٞ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَلَعَذَابُ ٱلۡأٓخِرَةِ أَشَقُّۖ وَمَا لَهُم مِّنَ ٱللَّهِ مِن وَاقٖ ﴾
[الرَّعد: 34]
﴿لهم عذاب في الحياة الدنيا ولعذاب الآخرة أشق وما لهم من الله﴾ [الرَّعد: 34]
Ba Sein ၃၄။ ထိုသူတို့အတွက် ဤမျက်မှောက်ဘဝ၌ ညှင်းပန်းနှိပ်စက်မှုရှိ၏။ အမှန်ဆိုသော် နောင်တမလွန်ဘဝ၏ အပြစ်ဒဏ် တော်သည် သာလွန်နာကျင်ဖွယ်ကောင်း၏။ သူတို့ကို အလ္လာဟ်အရှင်မြတ်မှ ကာကွယ်မည့်သူမရှိချေ။ |
Ghazi Mohammad Hashim ၎င်းတို့၌ ဤပစ္စက္ခမျက်မှောက် လောကီဘဝ၌လည်း ပြစ်ဒဏ်သည်ရှိပေသည်။ သို့ရာတွင် နောင်တမလွန်ဘဝ၏ပြစ်ဒဏ်မှာမူကား ပြင်းထန်လှပေသည်။ ထို့ပြင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ ကယ်တင်မည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည် မဟုတ်ပေတကား။ |
Hashim Tin Myint သူတို့အတွက် ဤဘဝတွင်လည်း ပြစ်ဒဏ်ရှိသည်။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝ၏ပြစ်ဒဏ်ကမူ ပိုပြင်းထန်လှသည်။ ထို့ပြင် သူတို့အား အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်မှ ကယ်တင်မည့်သူလည်း မည်သူမှရှိမည်မဟုတ်ပေ။ |