Quran with Burmese translation - Surah Ar-Ra‘d ayat 42 - الرَّعد - Page - Juz 13
﴿وَقَدۡ مَكَرَ ٱلَّذِينَ مِن قَبۡلِهِمۡ فَلِلَّهِ ٱلۡمَكۡرُ جَمِيعٗاۖ يَعۡلَمُ مَا تَكۡسِبُ كُلُّ نَفۡسٖۗ وَسَيَعۡلَمُ ٱلۡكُفَّٰرُ لِمَنۡ عُقۡبَى ٱلدَّارِ ﴾
[الرَّعد: 42]
﴿وقد مكر الذين من قبلهم فلله المكر جميعا يعلم ما تكسب كل﴾ [الرَّعد: 42]
Ba Sein ၄၂။ ဤမိစ္ဆာမိုက်တို့အလျင်ဖြစ်ပေါ်လာသောသာသနာပလူများလည်း အကြံအဖန်ထုတ်ကြ၏။ သို့သော်ကြံစည်ခြင်း အားလုံးသည် အလ္လာဟ်အရှင်မြတ်အဖို့သာလျှင်ဖြစ်၏။ အရှင်မြတ်သည် ဝိညာဉ်တိုင်းရအပ်သည့်အကျိုးအပြစ်ကို သိတော်မူ၏။ နိဗ္ဗာန်ဘုံနန်းဆုတော်သည် မည်သူ့အဖို့ဖြစ်သည်ကို အတုယူမှားသူတို့သည် သိမြင်ကြရလတ့ံ။ |
Ghazi Mohammad Hashim အမှန်သော်ကား ၎င်းတို့အလျင်ရှိခဲ့ကြကုန်သောသူတို့သည် လျှို့ဝှက်စွာ ကြံစည်ခဲ့ကြကုန်၏။ စင်စစ်မှာမူကား အလုံးစုံသော အကြံအစည်တို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ထိုအရှင်မြတ်သည် လူတိုင်းလူတိုင်း ပြုလုပ်သမျှတို့ကိုသိတော်မူ၏။ ထိုမှတစ်ပါး တမလွန်ဘဝ၏ အကျိုးဆက်သည် မည်သူတို့အဖို့ရှိသည်ကို ကာဖိရ်သွေဖည် ငြင်းပယ်ကုန်သောသူတို့သည် မကြာမြင့်မီ သိရှိသွားကြပေမည်။ |
Hashim Tin Myint ထို့ပြင် သူတို့မတိုင်မီရှိခဲ့ကြသူများ တိတ်ဆိတ်စွာ ကြံစည်ခဲ့ကြသည်။ ၎င်းနောက် အကြံအစည်အားလုံးကို အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်တော်မူသည်။ အရှင်မြတ်သည် လူတိုင်းပြုလုပ်သမျှကို သိတော်မူသည်။ ထို့ပြင် တမလွန်ဘဝ၏အကျိုးဆက်သည် မည်သူ၏အတွက်နည်းဆိုသည်ကို ကာဖိရ်များသည် မကြာမီ သိသွားကြမည်ဖြစ်သည်။ |