Quran with Burmese translation - Surah Ar-Ra‘d ayat 43 - الرَّعد - Page - Juz 13
﴿وَيَقُولُ ٱلَّذِينَ كَفَرُواْ لَسۡتَ مُرۡسَلٗاۚ قُلۡ كَفَىٰ بِٱللَّهِ شَهِيدَۢا بَيۡنِي وَبَيۡنَكُمۡ وَمَنۡ عِندَهُۥ عِلۡمُ ٱلۡكِتَٰبِ ﴾
[الرَّعد: 43]
﴿ويقول الذين كفروا لست مرسلا قل كفى بالله شهيدا بيني وبينكم ومن﴾ [الرَّعد: 43]
Ba Sein ၄၃။ မယုံကြည်သူတို့က အို-ရှင်မိုဟမ္မဒ်၊ သင်သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်မဟုတ်ဟု ဆိုကြ၏။ တမန်တော်ဟောကြားလော့။ အလ္လာဟ်အရှင်မြတ်နှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို အမှန်သိနားလည်သူတို့သည် ငါနှင့်သင်တို့အလယ်ကြား၌ လုံလောက်သောသက်သေဖြစ်၏။ |
Ghazi Mohammad Hashim ၎င်းပြင် ကာဖိရ် သွေဖည် ငြင်းပယ်ကုန် သောသူတို့က အသင်သည် ရစူလ်တမန်တော်မဟုတ်ဟု ပြောဆိုကြပေသည်။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို(ဖြေကြား)ပါလေ။ (အချင်းတို့)ငါနှင့် အသင်တို့၏စပ်ကြားဝယ် သက်သေအဖြစ် အလ္လာဟ်အရှင်မြတ်သည်လည်း ကောင်း၊ ဒေသနာတော် ကျမ်းဂန်၏ အသိပညာရှိသောသူတို့သည်လည်းကောင်း၊ လုံလောက်ပေသတည်း။ |
Hashim Tin Myint ထို့ပြင် ကာဖိရ်ငြင်းပယ်သူများက အသင်သည် တမန်တော်မဟုတ်ပေဟု ပြောဆိုကြသည်။ (အို- တမန်တော်)အသင် ပြောလိုက်ပါ- ငါနှင့် အသင်တို့ကြား၌ အလ္လာဟ်အရှင်မြတ်နှင့် ကျမ်းဂန်၏အသိပညာရှိသောသူများ မျက်မှောက်အသိသက်သေအဖြစ် လုံလောက်သည်။ |