Quran with Burmese translation - Surah Ibrahim ayat 18 - إبراهِيم - Page - Juz 13
﴿مَّثَلُ ٱلَّذِينَ كَفَرُواْ بِرَبِّهِمۡۖ أَعۡمَٰلُهُمۡ كَرَمَادٍ ٱشۡتَدَّتۡ بِهِ ٱلرِّيحُ فِي يَوۡمٍ عَاصِفٖۖ لَّا يَقۡدِرُونَ مِمَّا كَسَبُواْ عَلَىٰ شَيۡءٖۚ ذَٰلِكَ هُوَ ٱلضَّلَٰلُ ٱلۡبَعِيدُ ﴾
[إبراهِيم: 18]
﴿مثل الذين كفروا بربهم أعمالهم كرماد اشتدت به الريح في يوم عاصف﴾ [إبراهِيم: 18]
Ba Sein ၁၈။ မိမိတို့၏ ကျေးဇူးတော်သခင်အား မယုံကြည်သူတို့၏ ဥပမာပုံစံမှာကား သူတို့၏ ကြိုးစားမှုများသည် လေမုန်တိုင်း တိုက်သောနေ့တွင် လေပြင်းထန်စွာတိုက်ခိုက်ခြင်းခံရသောပြာကဲ့သို့ဖြစ်၏။ သူတို့သည် မိမိတို့ပြုကျင့်မှုများ၏ အကျိုးအပြစ်ကို မအုပ်ချုပ်ရချေ။ ဤအရာသည် အကြီးဆုံးသောဆုံးရှုံးခြင်းဖြစ်၏။ |
Ghazi Mohammad Hashim မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား သွေဖည်ငြင်းပယ်ခဲ့ကြကုန်သော သူတို့၏ အကျင့်သီလများ၏ဥပမာကား အကြင် ပြာနှင့်တူပေသည်။ ထိုပြာကိုလေမုန်တိုင်းကျသောနေ့တွင် လေသည် ပြင်းထန်စွာ တိုက်ခတ်ခဲ့လေသည်။ ၎င်းတို့သည် မိမိတို့ရှာဖွေ ဆည်းပူးခဲ့ကြသောအရာများအနက်မှ မည်သည့်တစ်စုံတစ်ရာ(အကျိုးကျေးဇူး)ကိုမျှ (ခံစားနိုင်ရန်) တတ်စွမ်းနိုင်ကြမည် မဟုတ်ပေ။ ဤသည်အလွန်ဝေးစွာသောလမ်းမှားခြင်း ပင် ဖြစ်ချေသတည်း။ |
Hashim Tin Myint သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို ငြင်းပယ်ခဲ့ကြသောသူတို့၏လုပ်ရပ်များ၏ပမာသည် အကြင်ပြာနှင့်တူသည်။* ထိုပြာအား လေမုန်တိုင်းကျသောနေ့တွင် လေက ပြင်းထန်စွာ တိုက်ခတ်ခဲ့သည်။ သူတို့သည် သူတို့ရှာဖွေ စုဆောင်းခဲ့ကြသော အရာများထဲမှ မည်သည့်အရာမျှ မတတ်စွမ်းနိုင်ကြပေ။ ထိုအရာသည် အလွန်ဝေးလံသော လမ်းလွဲမှုပင်ဖြစ်သည်။ |