Quran with Burmese translation - Surah Ibrahim ayat 17 - إبراهِيم - Page - Juz 13
﴿يَتَجَرَّعُهُۥ وَلَا يَكَادُ يُسِيغُهُۥ وَيَأۡتِيهِ ٱلۡمَوۡتُ مِن كُلِّ مَكَانٖ وَمَا هُوَ بِمَيِّتٖۖ وَمِن وَرَآئِهِۦ عَذَابٌ غَلِيظٞ ﴾
[إبراهِيم: 17]
﴿يتجرعه ولا يكاد يسيغه ويأتيه الموت من كل مكان وما هو بميت﴾ [إبراهِيم: 17]
Ba Sein ၁၇။ ထိုအပုပ်ရည်ကို သူသည် သောက်၏။ သို့သော်မျိုမချနိုင်ချေ။ သေခြင်းသည် သူ့ထံသို့ အဘက်ဘက်မှ လာ ၏။ သို့သော်သူသည် မသေနိုင်သေးချေ။ သူ၏ မျက်မှောက်ဝယ် အလွန်ပြင်းထန်သောအပြစ်ဒဏ်တော်တမျိုးရှိ၏။ |
Ghazi Mohammad Hashim (၎င်းသည် ယင်းပြည်ပုပ်ရေကို တစ်ကျိုက်စီသောက်မျိုအံ့။ သို့ရာတွင် ၎င်းသည် ယင်းပြည် ပုတ်ရေကိုလည်ချောင်းအောက် ခဲယဉ်းစွာမျိုချရလတ္တံ့)။ ၎င်းပြင် မရဏသေခြင်းတရားသည် အဖက်ဖက်မှ ယင်း၏ထံသို့ ရောက်ရှိလာပေအံ့။ သို့ရာတွင် ၎င်းမှာမူကား သေဆုံးနိုင်မည်မဟုတ်ပေ။ထိုမှတစ်ပါး ၎င်း၏ေ့ရှ၌ ပြင်းထန်လှစွာသော(အခြား)ပြစ်ဒဏ်တစ်မျိုးလည်းရှိအံ့သတည်း။ |
Hashim Tin Myint သူသည် ထိုအရာ(ပြည်ပုပ်ရည်)ကို တစ်ကျိုက်စီ မျိုချလိမ့်မည်၊ သို့ရာတွင် သူသည် ထိုပြည်ပုပ်ရည်ကို လည်ချောင်းအောက် (တစ်ဆို့လျက်)ခဲယဉ်းစွာ မျိုချရလိမ့်မည်။ ၎င်းနောက် သူသည် သေဆုံးသူမဖြစ်ဘဲလျက် သေခြင်းသည် သူ့ထံသို့ အဘက်ဘက်မှ ရောက်လာ(နေ)လိမ့်မည်။ ထို့ပြင် ဤ(ပြည်ပုပ်ရည် သောက်ရသောအပြစ်ဒဏ်)၏နောက်၌ ပြင်းထန်သော ပြစ်ဒဏ်တစ်မျိုးလည်း ရှိဦးမည်။ |