Quran with Burmese translation - Surah Ibrahim ayat 9 - إبراهِيم - Page - Juz 13
﴿أَلَمۡ يَأۡتِكُمۡ نَبَؤُاْ ٱلَّذِينَ مِن قَبۡلِكُمۡ قَوۡمِ نُوحٖ وَعَادٖ وَثَمُودَ وَٱلَّذِينَ مِنۢ بَعۡدِهِمۡ لَا يَعۡلَمُهُمۡ إِلَّا ٱللَّهُۚ جَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَرَدُّوٓاْ أَيۡدِيَهُمۡ فِيٓ أَفۡوَٰهِهِمۡ وَقَالُوٓاْ إِنَّا كَفَرۡنَا بِمَآ أُرۡسِلۡتُم بِهِۦ وَإِنَّا لَفِي شَكّٖ مِّمَّا تَدۡعُونَنَآ إِلَيۡهِ مُرِيبٖ ﴾
[إبراهِيم: 9]
﴿ألم يأتكم نبأ الذين من قبلكم قوم نوح وعاد وثمود والذين من﴾ [إبراهِيم: 9]
Ba Sein ၉။ သင်တို့အလျင်ဖြစ်သောလူများ၏ ရာဇဝင်သည် သင်တို့ထံသို့ မရောက်သလော။ သူတို့မှာ တမန်တော်နူဟို ၏ လူများ၊ အားဒ်နှင့် စမုဒ်လူမျိုးများ၊ သူတို့နောက်လာသောလူမျိုးများဖြစ်၏။ အလ္လာဟ်အရှင်မြတ်မှတပါး မည်သူမျှ သူတို့ကို မသိကြချေ။ သူတို့၏ တမန်တော်များသည် သူတို့ထံသို့ ထင်ရှားခိုင်မာသောသက်သေခံချက် များနှင့်လာကြသည်။ သို့သော်သူတို့သည် မိမိတို့လက်ချောင်းများကို မိမိတို့ပါးစပ်အတွင်းသို့ ထည့်သွင်းပြီးလျှင် ဤသို့ပြောဆိုကြ၏။ အို-တမန်တော်ဆိုသူ သင်နှင့်ပေးလိုက်သောအရာများကို ထည့်သွင်းပြီးလျှင် ကျွနု်ပ်တို့ မုချဧကန်မယုံကြည်၊ အကြင်သို့ သင်သည် အကျွနု်ပ်တို့ကို ဖိတ်ခေါ်၏။ ထိုအရာ၌ အကျွနု်ပ်တို့သည် အမှန်ပင် ကြီးစွာသံသယရှိကြ၏။ |
Ghazi Mohammad Hashim အသင်တို့ထံ အသင်တို့အလျင် ရှိခဲ့ကြဘူး သောနူးဟ်၏အမျိုးသားများ၊ အာဒ်အမျိုးသားများ၊ ဆမူဒ်အမျိုးသားများနှင့် ၎င်းတို့နောက်တွင် ရှိခဲ့ဖူးကြ သောသူတို့၏သတင်းသည် မရောက်ရှိခဲ့လေသလော။ ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အတိအကျ မည်သူမျှမသိပေ။ ၎င်းတို့ထံ ၎င်းတို့၏ရစူလ်တမန်တော်များသည် ထင်ရှားသောသက်သေသာဓကများကို ယူဆောင်လာခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့သည်မိမိတို့၏လက်များကို ယင်းရစူလ်တမန်တော်များ၏ ပါးစပ်များထဲသို့(တစ်နည်း) မိမိတို့၏ ပါးစပ်များထဲသို့ တွန်းထိုးခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့က(ဤသို့)ပြောဆိုခဲ့ကြကုန်၏။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် အကြင်အရာကို ငြင်းပယ်ခဲ့ကြလေပြီ။အသင်တို့သည် ထိုအရာနှင့်တကွ စေလွှတ်ခြင်းခံခဲ့ကြရလေသည်။ ၎င်းပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် အကြင်အရာနှင့်စပ်လျဉ်း၍ ယုံမှားသံသယဖြစ်စေသော ဒွိဟ၌ပင်ရှိကြပေသည်။အသင်တို့သည် ကျွန်ုပ်တို့အား ထိုအရာဘက်သို့ ဖိတ်ခေါ်လျက်ရှိကြကုန်သည်။ |
Hashim Tin Myint အသင်တို့ထံသို့ အသင်တို့၏မတိုင်မီက သူများဖြစ်ကြသော (တမန်တော်)နူးဟ်၏အမျိုးသားများ၊ အာဒ်အမျိုးသားများ၊ဆမူဒ်အမျိုးသားများနှင့် ၎င်းတို့နောက်၌ ရှိခဲ့ကြသောအမျိုးသားများ၏အကြောင်း မရောက်ရှိခဲ့လေသလော။ ထိုသူများ(၏ အရေအတွက်)ကို အရှင်မြတ်မှလွဲ၍ မည်သူမျှ မသိရှိကြပေ။ သူတို့ထံသို့ သူတို့၏တမန်တော်များသည် ထင်ရှားသော အထောက်အထားများနှင့် လာခဲ့ကြသည်။ ထို့နောက် သူတို့သည် သူတို့၏လက်များကို (ဒေါသဖြစ်၍) သူတို့၏ပါးစပ်များထဲသို့ ထိုးထည့်ခဲ့ကြသည်။* ထို့ပြင် သူတို့က ပြောဆိုခဲ့ကြသည်- အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့စေလွှတ်ခြင်းခံရသော အရာများကို ငြင်းပယ်ကြသည်။ ၎င်းနောက် အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့က ကျွန်ုပ်တို့အား ဖိတ်ခေါ်လျက်ရှိသောအရာနှင့်စပ်လျဉ်း၍ ယုံမှားဖြစ်စေသည့် သံသယထဲ၌ပင် ရှိနေကြသည်။ |