×

ထို့ပြင် ဧကန်မုချ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သူတို့အား (ကွယ်လွန် အနိစ္စရောက်ပြီးနောက် တစ်ဖန် ရှင်ပြန်ထမြောက်စေလျှက် တမလွန် 15:25 Burmese translation

Quran infoBurmeseSurah Al-hijr ⮕ (15:25) ayat 25 in Burmese

15:25 Surah Al-hijr ayat 25 in Burmese (البورمية)

Quran with Burmese translation - Surah Al-hijr ayat 25 - الحِجر - Page - Juz 14

﴿وَإِنَّ رَبَّكَ هُوَ يَحۡشُرُهُمۡۚ إِنَّهُۥ حَكِيمٌ عَلِيمٞ ﴾
[الحِجر: 25]

ထို့ပြင် ဧကန်မုချ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သူတို့အား (ကွယ်လွန် အနိစ္စရောက်ပြီးနောက် တစ်ဖန် ရှင်ပြန်ထမြောက်စေလျှက် တမလွန် တ ရား စီရင်မည့်နေ့တွင်) စုရုံးစေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (တရား စီရင်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: وإن ربك هو يحشرهم إنه حكيم عليم, باللغة البورمية

﴿وإن ربك هو يحشرهم إنه حكيم عليم﴾ [الحِجر: 25]

Ba Sein
၂၅။ မှတ်သားလော့။ သင်၏ ကျေးဇူးတော်သခင်သည် သူတို့အားလုံးကို အတူတကွစုဆောင်းတော်မူမည်။ မှတ်သား လော့၊ အရှင်မြတ်သည် လိမ္မာတော်မူ၏။ သိတော်မူ၏။
Ghazi Mohammad Hashim
ထိုမှတစ်ပါး အမှန်စင်စစ် အသင်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုအရှင်မြတ် သည်ပင်လျှင် ၎င်းတို့အား (ကိယာမတ်နေ့တွင်) စုရုံးတော်မူပေမည်။ဧကန်မလွဲ ထိုအရှင်မြတ်သည် ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် သူတို့အား (ကိယာမသ်‌နေ့တွင်) စုရုံး‌စေ‌တော်မူမည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek