Quran with Burmese translation - Surah Al-hijr ayat 24 - الحِجر - Page - Juz 14
﴿وَلَقَدۡ عَلِمۡنَا ٱلۡمُسۡتَقۡدِمِينَ مِنكُمۡ وَلَقَدۡ عَلِمۡنَا ٱلۡمُسۡتَـٔۡخِرِينَ ﴾
[الحِجر: 24]
﴿ولقد علمنا المستقدمين منكم ولقد علمنا المستأخرين﴾ [الحِجر: 24]
Ba Sein ၂၄။ အကယ်စင်စစ် ငါသည် သင်တို့အနက် စိတ်အားထက်သန်လျင်မြန်သူနှင့် ပျင်းရိဖင့်နွဲသောအပေါင်းတို့ကို အကုန်အစင်သိမြင်တော်မူ၏။ |
Ghazi Mohammad Hashim ထို့ပြင် မုချစင်စစ် ငါအရှင်မြတ်သည် အသင်၏တို့အနက်မှ ရှေးလူဟောင်းတို့ကိုလည်း ကောင်းစွာ သိတော်မူပြီးဖြစ်လေသည်။ ထိုနည်းတူစွာ မုချစင်စစ် ငါအရှင်မြတ်သည်အသင်တို့အနက်မှ နောင်လာနောက်သားတို့ကိုလည်း ကောင်းစွာ သိတော်မူပြီး ဖြစ်ပေသတည်း။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ထဲမှ ယခင်က လူများကိုလည်း သိတော်မူသည်၊ ၎င်းနောက် အသင်တို့ထဲမှ နောင်လာမည့်သူများကိုလည်း သိတော်မူသည်။ |