Quran with Burmese translation - Surah An-Nahl ayat 1 - النَّحل - Page - Juz 14
﴿أَتَىٰٓ أَمۡرُ ٱللَّهِ فَلَا تَسۡتَعۡجِلُوهُۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ ﴾
[النَّحل: 1]
﴿أتى أمر الله فلا تستعجلوه سبحانه وتعالى عما يشركون﴾ [النَّحل: 1]
Ba Sein ၁။ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည် ကျရောက်လာလတ့ံ။ ထို့ကြောင့်သင်တို့သည် အမိန့်တော်အဆော တလျင်ကျရောက်ဖို့ရာ မတောင့်တကြလင့်၊ အရှင်မြတ်သည် သူတို့တွဲဖက်သောဘုရားတုများထက် သာလွန် မြင့်မြတ်စုံလင်တော်မူ၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်၏အမိန့်တော်သည် ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ယင်း အမိန့်တော်ကို အလျင်စလိုမတောင်းကြကုန်လင့်။ ထိုအရှင်မြတ်သည်ယင်း(မုရ်ှရစ်က်)တို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်လျက် ရှိကြသည်တို့မှ သန့်ရှင်းစင်ကြယ်မြင့်မြတ် လှတော်မူပေသတည်း။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်၏အမိန့်တော်သည် ရောက်လာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအမိန့်တော်ကို အလျင်စလို မတောင်းကြနှင့်။* အရှင်မြတ်သည် ထို(မုရှ်ရိက်)များ တွဲဖက်ကိုးကွယ်သောအရာများမှ သန့်ရှင်းစင်ကြယ်ပြီး အလွန်မြင့်မားတော်မူသည်။ |