Quran with Burmese translation - Surah An-Nahl ayat 2 - النَّحل - Page - Juz 14
﴿يُنَزِّلُ ٱلۡمَلَٰٓئِكَةَ بِٱلرُّوحِ مِنۡ أَمۡرِهِۦ عَلَىٰ مَن يَشَآءُ مِنۡ عِبَادِهِۦٓ أَنۡ أَنذِرُوٓاْ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱتَّقُونِ ﴾
[النَّحل: 2]
﴿ينـزل الملائكة بالروح من أمره على من يشاء من عباده أن أنذروا﴾ [النَّحل: 2]
Ba Sein ၂။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များအနက် အလိုရှိတော်မူသောပုဂ္ဂိုလ်ထံသို့ ကောင်းကင်တမန်တော် များကို မိမိ၏ ဗျာဒိတ်တော်နှင့်တကွ စေလွှတ်တော်မူ၏။ ထိုဗျာဒိတ်တော်မှာ ငါအရှင်မြတ်မှတပါး အခြားအရှင် မြတ်မှတပါး အခြားအရှင်သခင်မရှိဟု သင်သည် လူသားအပေါင်းတို့ကို ဟောကြားဆုံးမလော့။ ထို့ကြောင့် သင်တို့သည် ငါ့အား ကြောက်ရွံ့ကြလော့။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည် မိမိ၏အမိန့်တော်ဖြင့် မိမိကျွန်များအနက်မှ အလိုရှိတော်မူသောသူများထံ မလာအိကဟ်ကောင်းကင်တမန်များအား ဝဟီအမိန့်တော်နှင့်တကွ ဆင်းသက်(လာရောက်) စေတော်မူ၏။ (ထိုအမိန့်တော်မှာ) အသင်(နဗီတမန်တော်)တို့သည် ဧကန်စင်စစ် ငါအရှင်မြတ်မှ တစ်ပါး၊အခြားကိုးကွယ်ရာ အလျှင်းမရှိရာ၊ ငါအရှင်မြတ်အားသာလျှင်ကြောက်ရွံ့ကြရမည်ဟု သတိပေးနှိုးဆော်ကြလေကုန် (ဟူ၍ဖြစ်သည်)။ |
Hashim Tin Myint အရှင်မြတ်သည် အရှင်မြတ်၏အမိန့်တော်ဖြင့် အရှင်မြတ်၏ကျွန်များထဲမှ အလိုရှိသောသူများထံသို့ ကောင်းကင်တမန်များကို* ဝဟီအမိန့်တော်နှင့်တကွ* ဆင်းသက်စေတော်မူသည်။ (ထိုအမိန့်တော်မှာ) “အသင်တို့သည် အမှန်စင်စစ် ငါအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သည့်အရှင် လုံးဝမရှိပေ၊ ငါအရှင်မြတ်ကိုပင် ကြောက်ရွံ့ကြရမည်ဟု သတိပေးနှိုးဆော်ကြပါ“(ဟူ၍ ဖြစ်သည်။) |