Quran with Burmese translation - Surah An-Nahl ayat 125 - النَّحل - Page - Juz 14
﴿ٱدۡعُ إِلَىٰ سَبِيلِ رَبِّكَ بِٱلۡحِكۡمَةِ وَٱلۡمَوۡعِظَةِ ٱلۡحَسَنَةِۖ وَجَٰدِلۡهُم بِٱلَّتِي هِيَ أَحۡسَنُۚ إِنَّ رَبَّكَ هُوَ أَعۡلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ ﴾
[النَّحل: 125]
﴿ادع إلى سبيل ربك بالحكمة والموعظة الحسنة وجادلهم بالتي هي أحسن إن﴾ [النَّحل: 125]
Ba Sein ၁၂၅။ တမန်တော် သင်သည် အသိအလိမ္မာဉာာဏ်ပညာကို အသုံးပြု၍ သာယာနာပျော်ဖွယ်စွာဟောကြားခြင်းဖြင့် လူသားတို့အား သင်၏ ကျေးဇူးတော်သခင်၏ လမ်းတော်သို့ ဖိတ်မန်ဆွဲဆောင်လော့။ သူတို့နှင့်ကျိုးကြောင်း ပြောဆိုရှင်းလင်းရာ၌ သူတို့ထင်သာလွန်သောနည်းဖြင့် ပြောဆိုလော့။ မှတ်သားလော့။ သင်၏ ကျေးဇူးတော် သခင်သည် မိမိလမ်းတော်မှ အဘယ်သူလွဲချော်သွားသည်၊ အဘယ်သူတို့သည် လမ်းမှန်ကို လျှောက်လိုက်သည် တို့ကို အသိဆုံးဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏လမ်းတော်သို့ (လူတို့အား) ဉာဏ်ပညာနှင့်လည်းကောင်း၊ ကောင်းမြတ်သော ဆုံးမဩဝါဒနှင့်လည်းကောင်း၊ ဖိတ်ခေါ်ပါလေ။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား အကောင်းဆုံးနည်းဖြင့် အချေအတင်ပြောဆိုပါလေ။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည်ပင် ထိုအရှင်မြတ်၏ လမ်းတော်မှ တိမ်းလွဲခဲ့သောသူအား အသိဆုံးဖြစ်တော် မူပေသည်။ ထိုနည်းတူစွာထိုအရှင်မြတ်သည်ပင် တရားလမ်းမှန်ကို ရရှိကြကုန်သောသူတို့အားလည်း အသိဆုံး ဖြစ်တော်မူချေသတည်း။ |
Hashim Tin Myint အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏လမ်းကို ပညာဉာဏ်အမြော်အမြင်နှင့် ကောင်းမြတ်သော ဆုံးမဩဝါဒဖြင့် ဖိတ်ခေါ်ပါ။ ထို့ပြင် အသင်သည် သူတို့အား အကောင်းဆုံးနည်းဖြင့် အချေအတင်ပြောဆိုပါ။* အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ပင် အရှင်မြတ်၏လမ်းတော်မှ လွဲချော်သွားသူများကို အသိဆုံးဖြစ်တော်မူသည်။* ၎င်းနောက် အရှင်မြတ်သည်ပင် တရားလမ်းမှန်ရရှိကြသောသူများကိုလည်း အသိဆုံးဖြစ်တော်မူသည်။ |