Quran with Burmese translation - Surah An-Nahl ayat 127 - النَّحل - Page - Juz 14
﴿وَٱصۡبِرۡ وَمَا صَبۡرُكَ إِلَّا بِٱللَّهِۚ وَلَا تَحۡزَنۡ عَلَيۡهِمۡ وَلَا تَكُ فِي ضَيۡقٖ مِّمَّا يَمۡكُرُونَ ﴾
[النَّحل: 127]
﴿واصبر وما صبرك إلا بالله ولا تحزن عليهم ولا تك في ضيق﴾ [النَّحل: 127]
Ba Sein ၁၂၇။ တမန်တော်မိုဟမ္မဒ် သင်သည် သည်းခံခြင်းတရားကို မြဲမြံစွာဆုပ်ကိုင်ထားလော့။ သင်သည် သည်းခံခြင်းဂုဏ်ကို အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့်သာလျှင် ရရှိ၏။ မိစ္ဆာမိုက်တို့အတွက် စိတ်ဒုက္ခမရောက်လင့်။ သူတို့ကြံစည်မှုကြောင့်လည်း စိတ်မဆင်းရဲလင့်။ |
Ghazi Mohammad Hashim သို့ရာတွင် (အို-နဗီတမန်တော်) အသင်သည်သည်းခံ(မြဲသည်းခံလျက်ပင်)ရှိပါလေ။ စင်စစ် အသင်၏သည်းခံမှုသည် အလ္လာဟ်အရှင်မြတ်၏ အကူအညီကြောင့်ပင်ဖြစ်ပေသည်။ ထို့ပြင် အသင်သည် ၎င်းတို့အတွက် ပူဆွေးခြင်းမရှိပါလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုများကြောင့် စိတ်ဆင်းရဲခြင်းလည်း မရှိပါလေနှင့်။ |
Hashim Tin Myint ထို့ပြင် အသင်(တမန်တော်)သည် သည်းခံပါ၊ အသင်၏သည်းခံမှုသည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားပေးမှုကြောင့်ပင်ဖြစ်သည်။ ထို့ပြင် အသင်သည် သူတို့အတွက် ပူဆွေးမနေပါနှင့်။ ထို့ပြင် အသင်သည် သူတို့၏ကြံစည်မှုများကြောင့် စိတ်ဆင်းရဲမှုလည်း မဖြစ်ပါနှင့်။ |