Quran with Burmese translation - Surah An-Nahl ayat 16 - النَّحل - Page - Juz 14
﴿وَعَلَٰمَٰتٖۚ وَبِٱلنَّجۡمِ هُمۡ يَهۡتَدُونَ ﴾
[النَّحل: 16]
﴿وعلامات وبالنجم هم يهتدون﴾ [النَّحل: 16]
Ba Sein ၁၆။ ထို့အပြင်တောင်ကုန်း၊ ကြယ်နက္ခတ်တာရာစသောအမှတ်သညာတို့ကို ဖန်ဆင်းထားတော်မူပါ၏။ ထိုအမှတ် သညာတို့အားဖြင့် လူသားတို့သည် သွားလာဖို့ရာ လမ်းတွေ့နိုင်ကြ၏။ |
Ghazi Mohammad Hashim ၎င်းပြင် အမှတ်သညာမှတ်တိုင်များကိုလည်း(ပြုလုပ်တော်မူခဲ့၏)။ ထို့ပြင် ကြယ်နက္ခတ်များဖြင့်လည်း(လူတို့သည်) လမ်းများကို ရှာတွေ့ကြကုန်၏။ |
Hashim Tin Myint ထို့ပြင် မှတ်တမ်းမှတ်တိုင်များကိုလည်း (ပြုလုပ်တော်မူခဲ့သည်)။ ထို့ပြင် သူတို့သည် ကြယ်များ၏အကြောင်းခံနှင့်လည်း လမ်းများကို ရှာတွေ့ကြသည်။ |