Quran with Burmese translation - Surah An-Nahl ayat 38 - النَّحل - Page - Juz 14
﴿وَأَقۡسَمُواْ بِٱللَّهِ جَهۡدَ أَيۡمَٰنِهِمۡ لَا يَبۡعَثُ ٱللَّهُ مَن يَمُوتُۚ بَلَىٰ وَعۡدًا عَلَيۡهِ حَقّٗا وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ﴾
[النَّحل: 38]
﴿وأقسموا بالله جهد أيمانهم لا يبعث الله من يموت بلى وعدا عليه﴾ [النَّحل: 38]
Ba Sein ၃၈။ အလ္လာဟ်အရှင်မြတ်သည် သေသူတို့အား ရှင်ပြန်ထမြောက်စေတော်မူမည်မဟုတ်ဟူ၍ ထိုသူတို့သည် အလ္လာဟ် အရှင်မြတ်ကို ကိုင်၍ အလွန်ပြင်းပြကြီးလေးသောကျမ်းကျိန်ချက်များကို ဆိုကြ၏။ သူတို့ပြောဆိုသကဲ့သို့ မဟုတ်ချေ။ ရှင်ပြန်ထမြောက်စေခြင်းသည် အရှင်မြတ်အတွက် မဖျက်ရသည့်ကတိဗျာဒိတ်တော်အမှန်ပင်ဖြစ်၏။ သို့သော်များလှစွာသောလူသားတို့သည် မသိကြချေ။ |
Ghazi Mohammad Hashim စင်စစ်သော်ကား ၎င်းတို့က အလ္လာဟ်အရှင်မြတ်သည် သေသူအား ရှင်ပြန်ထစေတော်မူမည် မဟုတ်ဟုအလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် ကျိန်တွယ်ခဲ့ကြလေသည်။ ထိုသို့ အလျှင်းမဟုတ်ပေ။ စင်စစ်မှာကား (မုချရှင်ပြန်ထစေတော်မူမည်ဖြစ်၏။) ထိုအရှင်မြတ်သည် ဤသည်ကို ကတိပြုတော်မူခြင်းအားဖြင့် မိမိအပေါ်၌ အတည်ပြုတော်မူခဲ့လေသည်။ သို့ရာတွင် များစွာသောသူတို့မှာကား(ဤမျှပင်)မသိနားမလည်ကြချေ။ |
Hashim Tin Myint ထို့ပြင် သူတို့က အလ္လာဟ်အရှင်မြတ်အား တိုင်တည်က အစွမ်းကုန်ကျိန်တွယ်(၍ ဤသို့ပြောဆို)ခဲ့ကြသည်- “အလ္လာဟ်အရှင်မြတ်သည် သေသူများကို ရှင်ပြန်ထစေတော်မူမည် မဟုတ်ပေ။“ အဘယ့်ကြောင့် မထစေရမည်နည်း၊ အမှန်ပင် (ရှင်ပြန်ထစေတော်မူမည်ဖြစ်သည်၊) အရှင်မြတ်သည် ဤသည်ကို ကတိအဖြစ်နှင့် အရှင်မြတ်အပေါ်တွင် အတည်ပြုတော်မူခဲ့သည်။ သို့ရာတွင် လူအမြောက်အမြားသည် မသိနားမလည်ကြပေ။ |