×

ထို့ပြင် သူတို့သည် သူတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူသော စားနပ်ရိက္ခာနှင့် အခြား လိုအပ်ချက်များအနက်မှ ထိုအရာများ၏သဘောသဘာဝ၊ အနစ်သာရများ၊ ပကတိရည်ရွယ်ချက်များနှင့်စပ် လျဉ်း၍ 16:56 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:56) ayat 56 in Burmese

16:56 Surah An-Nahl ayat 56 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 56 - النَّحل - Page - Juz 14

﴿وَيَجۡعَلُونَ لِمَا لَا يَعۡلَمُونَ نَصِيبٗا مِّمَّا رَزَقۡنَٰهُمۡۗ تَٱللَّهِ لَتُسۡـَٔلُنَّ عَمَّا كُنتُمۡ تَفۡتَرُونَ ﴾
[النَّحل: 56]

ထို့ပြင် သူတို့သည် သူတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူသော စားနပ်ရိက္ခာနှင့် အခြား လိုအပ်ချက်များအနက်မှ ထိုအရာများ၏သဘောသဘာဝ၊ အနစ်သာရများ၊ ပကတိရည်ရွယ်ချက်များနှင့်စပ် လျဉ်း၍ မသိနားမလည်သော (အဆိုပါကိုးကွယ်ရာများ) အတွက်လည်း ဝေစုဝေပုံများ ဖန်တီးပြုလုပ်ကြ၏။ သင်တို့သည် (သင်တို့ကိုယ်တိုင်) လီဆယ်ဖန်တီးလျက်ရှိသော ကိစ္စရပ်ဟူသမျှနှင့်စပ်လျဉ်း၍ အမှန်ပင် စစ်ဆေးမေးမြန်း ခြင်ခံကြရမည်ဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုပြောဆို၏။

❮ Previous Next ❯

ترجمة: ويجعلون لما لا يعلمون نصيبا مما رزقناهم تالله لتسألن عما كنتم تفترون, باللغة البورمية

﴿ويجعلون لما لا يعلمون نصيبا مما رزقناهم تالله لتسألن عما كنتم تفترون﴾ [النَّحل: 56]

Ba Sein
၅၆။ ထို့အပြင် သူတို့သည် ငါပေးသနားတော်မူသောဥစ္စာပစ္စည်းများအနက် တစိတ်တဒေသကို သူတို့မသိသောအရာ များအား လှုဒါန်းကြ၏။ အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ကြောင့် သင်တို့အား မိမိတို့လုပ်ကြံလေ့ရှိသော အမှုများနှင့်စပ်လျဉ်း၍ မုချဧကန်စစ်ကြောစီရင်တော်မူမည်။
Ghazi Mohammad Hashim
ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့် ပေးသနားတော်မူသောအရာများအနက် မှ မိမိတို့မသိနားမလည်သော အရာများအဖို့ ဝေစုဝေပုံ ပြုလုပ်ကြကုန်၏။ အလ္လာဟ်အရှင်မြတ်၏ ကစမ် အသင်တို့သည် မိမိတို့လီဆယ်ဖန်တီးလျက် ရှိသော ကိစ္စများနှင့်စပ်လျဉ်း၍ အမှန်ပင်စစ်ဆေး မေးမြန်းခြင်းကို ခံကြရပေမည်။
Hashim Tin Myint
ထို့ပြင် သူတို့သည် ငါအရှင်မြတ်က သူတို့အား ‌ပေး‌တော်မူ‌သောအရာများထဲမှ သူတို့ မသိနားမလည်‌သောအရာများအတွက် ‌ဝေစု‌ဝေပုံကို ပြုလုပ်ကြသည်။ အလ္လာဟ်အရှင်မြတ်အား တိုင်တည်‌ပြောဆိုသည်၊ အသင်တို့သည် အသင်တို့ လုပ်ကြံဖန်တီး‌သောအရာများနှင့်ပတ်သက်၍ အမှန်ပင် စစ်‌ဆေး‌မေးမြန်းခြင်းကို ခံကြရမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek