×

သူသည် (သမီးရတနာမွေးဖွားခြင်းနှင့်ပတ်သက်၍ သတင်းကောင်းပေးခြင်းအား) မကောင်းမှုအကုသိုလ် သတင်းပေးခံရခြင်း ဖြစ်သည်။” ဟု မှတ်ယူသောကြောင့် (မည်သူ့ကိုမျှ မျက်နှာမပြဝံ့၍) သူ့လူမျိုး (တို့ 16:59 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:59) ayat 59 in Burmese

16:59 Surah An-Nahl ayat 59 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 59 - النَّحل - Page - Juz 14

﴿يَتَوَٰرَىٰ مِنَ ٱلۡقَوۡمِ مِن سُوٓءِ مَا بُشِّرَ بِهِۦٓۚ أَيُمۡسِكُهُۥ عَلَىٰ هُونٍ أَمۡ يَدُسُّهُۥ فِي ٱلتُّرَابِۗ أَلَا سَآءَ مَا يَحۡكُمُونَ ﴾
[النَّحل: 59]

သူသည် (သမီးရတနာမွေးဖွားခြင်းနှင့်ပတ်သက်၍ သတင်းကောင်းပေးခြင်းအား) မကောင်းမှုအကုသိုလ် သတင်းပေးခံရခြင်း ဖြစ်သည်။” ဟု မှတ်ယူသောကြောင့် (မည်သူ့ကိုမျှ မျက်နှာမပြဝံ့၍) သူ့လူမျိုး (တို့ ၏အမြင်) မှ (မမြင်နိုင်အောင် သူ့ကိုယ်သူ) ပုန်းကွယ်လေ၏။ သူသည် ထို အရှက်ရ ဂုဏ်သိက္ခာမဲ့စေသည့်အရာ (သမီးရတနာ) အား အသက်ဆက်ခွင့်ပေး၍ ပျိုးထောင်ထိန်းသိမ်းထားရမည်လော။ သို့တည်း မဟုတ် သူမအား မြေကြီးထဲ၌ (အရှင် လတ်လတ်) မြေမြှုပ်သင်္ဂြိုလ်ရပါမည်လော။ ဟု (တွေးတောလေ၏)။ နှလုံးသွင်းကြလော့။ ထိုသို့ ဆုံးဖြတ် ကြခြင်းသည် အလွန်ရက်စက်ယုတ်ညံ့လှသော မကောင်းမှုအကုသိုလ်ပင် ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။

❮ Previous Next ❯

ترجمة: يتوارى من القوم من سوء ما بشر به أيمسكه على هون أم, باللغة البورمية

﴿يتوارى من القوم من سوء ما بشر به أيمسكه على هون أم﴾ [النَّحل: 59]

Ba Sein
၅၉။ သူသည် မိမိရရှိသောအမင်္ဂလာသတင်းကြောင့် လူများကို မျက်နှာမပြ၊ ပုံးရှောင်နေ၏။ သူသည် ထိုသမီး ကလေးကို သေးသိမ်ယုတ်ညံ့သောဘဝတွင် ထားမည်လော။ သို့မဟုတ် အရှင်မြှုပ်မည်လော။ အမှန်မှာ သူတို့၏ ဆုံးဖြတ်ချက်သည် မကောင်းမှုဖြစ်၏။
Ghazi Mohammad Hashim
၎င်းသည် မိမိကို မကောင်းသတင်းပေးခြင်းကိုခံရသောကြောင့် လူများထံမှမမြင်နိုင်ကြလေအောင် ပုန်းကွယ်လေသည်။ (ထို့ပြင်) ယင်းသည် ထိုမိန်းကလေးကို ယုတ်ညံ့သောအခြေအနေနှင့် ထိန်းသိမ်း၍ ထားရပါမည်လော။ သို့တည်းမဟုတ် ၎င်းအား မြေကြီးထဲ၌ မြှုပ်ရပါမည်လောဟု(သို့လော၊ သို့လော ဖြစ်၍နေပေသည်)။ သတိပြုကြလေကုန်။၎င်းတို့၏ ဆုံးဖြတ်ချက်သည် အလွန်ယုတ်ညံ့လှပေသတည်း။
Hashim Tin Myint
သူသည် သူ့အား မ‌ကောင်းသတင်း‌ပေးခြင်းကို ခံရခြင်း‌ကြောင့် လူများမမြင်ရ‌အောင် ပုန်း‌အောင်း‌နေသည်။ သူသည် ထိုမိန်းက‌လေးကို ‌သေးသိမ်‌သောအ‌ခြေအ‌နေနှင့် (ဆက်လက်)ထိန်းသိမ်းထားရမည်‌လော။ သို့မဟုတ် သူ့အား ‌မြေကြီးထဲ(အရှင်လတ်လတ်)မြှပ်ပစ်လိုက်ရမည်‌လော(ဟု ဆုံးဖြတ်၍မရနိုင်‌အောင်ဖြစ်‌နေသည်)။ သတိပြုကြပါ။ သူတို့၏ဆုံးဖြတ်ချက်သည် အလွန်ယုတ်ညံ့သိမ်ဖျင်းလှသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek