Quran with Burmese translation - Surah An-Nahl ayat 60 - النَّحل - Page - Juz 14
﴿لِلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ مَثَلُ ٱلسَّوۡءِۖ وَلِلَّهِ ٱلۡمَثَلُ ٱلۡأَعۡلَىٰۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴾
[النَّحل: 60]
﴿للذين لا يؤمنون بالآخرة مثل السوء ولله المثل الأعلى وهو العزيز الحكيم﴾ [النَّحل: 60]
Ba Sein ၆ဝ။ နောင်တမလွန်ဘဝကို မယုံကြည်သူတို့အဖို့ ဆိုးဝါးသောဥပမာကားဖြစ်၏။ အလ္လာဟ်အရှင်မြတ်၏ ဥပမာကာ အလွန်ကြီးကျယ်ထူးမြတ်လှ၏။ အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ ပါ၏။ |
Ghazi Mohammad Hashim နောင်တမလွန်ဘဝကို မယုံကြည်ကြသောသူတို့၌ မကောင်းသော အရည်အချင်းရှိ၏။ သို့ရာတွင်အလ္လာဟ်အရှင် မြတ်၌မူကား မြင့်မြတ်လှစွာသော အရည်အချင်းများသည်ရှိကုန်၏။ ၎င်းပြင် ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့်လွှမ်းမိုးတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူ၏။ |
Hashim Tin Myint တမလွန်ဘဝကို မယုံကြည်ကြသောသူများတွင် မကောင်းသောအရည်အချင်းရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၌မူ အလွန်မြင့်မားတော်မူသော အရည်အချင်းရှိသည်။* ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့်အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ |