Quran with Burmese translation - Surah An-Nahl ayat 64 - النَّحل - Page - Juz 14
﴿وَمَآ أَنزَلۡنَا عَلَيۡكَ ٱلۡكِتَٰبَ إِلَّا لِتُبَيِّنَ لَهُمُ ٱلَّذِي ٱخۡتَلَفُواْ فِيهِ وَهُدٗى وَرَحۡمَةٗ لِّقَوۡمٖ يُؤۡمِنُونَ ﴾
[النَّحل: 64]
﴿وما أنـزلنا عليك الكتاب إلا لتبين لهم الذي اختلفوا فيه وهدى ورحمة﴾ [النَّحل: 64]
Ba Sein ၆၄။ တမန်တော်၊ သင်သည် သူတို့အား သူတို့၏ အမှားကို ရှင်းလင်းပြဖို့ရာသော်လည်းကောင်း၊ ယုံကြည်သူတို့ အဖို့အရာ တရားလမ်းညွှန်နှင့် ကောင်းကြီးမင်္ဂလာတော်ကြီးဖြစ်ဖို့ရာသော်လည်းကောင်း၊ ငါသည် သင့်အား ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်ချပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင်၏အပေါ်၌ ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခဲ့သည်မှာအသင်သည် ၎င်းတို့အား ၎င်းတို့ကွဲလွဲချက် ရှိခဲ့ကြသောအကြောင်းကို ရှင်းလင်းအံ့သောငှာသာ လည်းကောင်း၊ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ကရုဏာတော် အဖြစ်လည်းကောင်း ချပေးတော်မူခဲ့ခြင်းသာ ဖြစ်ပေသတည်း။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် အသင်၏အပေါ်တွင် ကျမ်းတော်မြတ်ကို ချပေးတော်မူခြင်းသည် အသင့်အနေနှင့် သူတို့အား သူတို့ ကွဲလွဲသည့်အရာကို ရှင်းလင်းပြသရန်အတွက်အပြင် ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ကရုဏာအဖြစ် ချပေးတော်မူခဲ့ခြင်းပင်ဖြစ်သည်။ |