Quran with Burmese translation - Surah An-Nahl ayat 63 - النَّحل - Page - Juz 14
﴿تَٱللَّهِ لَقَدۡ أَرۡسَلۡنَآ إِلَىٰٓ أُمَمٖ مِّن قَبۡلِكَ فَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ أَعۡمَٰلَهُمۡ فَهُوَ وَلِيُّهُمُ ٱلۡيَوۡمَ وَلَهُمۡ عَذَابٌ أَلِيمٞ ﴾
[النَّحل: 63]
﴿تالله لقد أرسلنا إلى أمم من قبلك فزين لهم الشيطان أعمالهم فهو﴾ [النَّحل: 63]
Ba Sein ၆၃။ အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ကြောင့် သင့်အလျင်၊ တမန်တော်များကို မိမိတို့လူမျိုးအသီးသီးထံ ငါအရှင် မြတ်မုချဧကန်စေလွှတ်တော်မူ၏။ သို့သော်ရှိုင်တန်မာရ်နတ်သည် သူတို့အား မိမိတို့အပြုအမူများကို တင့်တယ် စေ၏။ ယခုလည်း သူတို့၏ နာယကဖြစ်၏။ သူတို့၏ ဝေစုမှာ အလွန်ပြင်းပြနာကျင်ဖွယ်ကောင်းသောအပြစ်ဒဏ် ကြီးဖြစ်၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်၏အလျင် အုပ်စုအသီးသီးထံသို့(ရစူလ်တမန်တော်များကို) စေလွှတ်တော်မူခဲ့လေသည်။ သို့ရာတွင်ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့၏ပြုကျင့်မှုများကို ၎င်းတို့၏အမြင်တွင်လည်း လှပတင့်တယ်အောင် ပြုလုပ်ခဲ့လေသည်။သို့ဖြစ်ပေရာ ယင်းရှိုင်တွာန်မိစ္ဆာကောင်သည် ယနေ့လည်း၎င်းတို့၏ အဆွေခင်ပွန်းပင် ဖြစ်ပေသည်။ ထိုမှတစ်ပါး ၎င်းတို့၌ ပြင်းပြနာကျင်ဖွယ် ပြစ်ဒဏ်ရှိချေသည်။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြောဆိုသည်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်မတိုင်မီ အုပ်စုတိုင်းထံသို့(တမန်တော်များ)စေလွှတ်တော်မူခဲ့သည်။ သို့ဖြစ်ရာ ရှိုင်သွာန်သည် သူတို့၏လုပ်ရပ်များကို သူတို့၏အမြင်၌ လှပတင့်တယ်အောင် ပြုလုပ်ခြယ်လှယ်ခဲ့သည်။ သို့ဖြစ်ရာ ထိုရှိုင်သွာန်သည် ယနေ့လည်း သူတို့၏မိတ်ဆွေပင် ဖြစ်သည်။ ထို့ပြင် သူတို့အတွက် အလွန်နာကျင်စေသော ပြစ်ဒဏ်ရှိသည်။ |