×

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် ကောင်းကင်ယံမှ မိုးရေကို သွန်းချစေတော်မူရာ ထိုရေဖြင့် မြေကမ္ဘာရှိ (မြေသေမြေရိုင်းများနှင့်ခြောက်သွေ့နေသော မြက်ပင်ပေါက်ပင်များအား) သေကျေပျက်စီးပြီးမှ အသစ်တစ်ဖန် ရှင်သန်လန်းဆန်းစေတော်မူ၏။ 16:65 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:65) ayat 65 in Burmese

16:65 Surah An-Nahl ayat 65 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 65 - النَّحل - Page - Juz 14

﴿وَٱللَّهُ أَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَحۡيَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَآۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَسۡمَعُونَ ﴾
[النَّحل: 65]

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် ကောင်းကင်ယံမှ မိုးရေကို သွန်းချစေတော်မူရာ ထိုရေဖြင့် မြေကမ္ဘာရှိ (မြေသေမြေရိုင်းများနှင့်ခြောက်သွေ့နေသော မြက်ပင်ပေါက်ပင်များအား) သေကျေပျက်စီးပြီးမှ အသစ်တစ်ဖန် ရှင်သန်လန်းဆန်းစေတော်မူ၏။ ဧကန်စင်စစ်၊ ထိုဖြစ်စဉ်၌ (ကျမ်းတော်မြတ် ကုရ်အာန်ကို နား လည်သဘောပေါက်ပြီး ကျင့်သုံးလိုသော ရည်ရွယ်ချက်ဖြင့်) ကြားနာကြသော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

❮ Previous Next ❯

ترجمة: والله أنـزل من السماء ماء فأحيا به الأرض بعد موتها إن في, باللغة البورمية

﴿والله أنـزل من السماء ماء فأحيا به الأرض بعد موتها إن في﴾ [النَّحل: 65]

Ba Sein
၆၅။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှ ရေကို သွန်းချတော်မူ၏။ ထိုရေအားဖြင့် သေပြီးသောမြေကြီးကို တဖန်ရှင်စေတော်မူ၏။ မှတ်သားကြလော့၊ ဤအချင်းအရာ၌ ကြားနာသူတို့အဖို့ သာဓကတော်တပါးပါရှိ၏။
Ghazi Mohammad Hashim
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် မိုးကောင်းကင်မှရေကို ချပေးသနားတော်မူလေသည်။ တစ်ဖန်ထိုအရှင်မြတ်သည် ထိုရေဖြင့် သေပြီးသောမြေကို ရှင်စေတော်မူလေသည်။ ဧကန်စင်စစ် ဤသည် ၌ ကြားနာကြကုန် သောသူတို့အဖို့ အမှန်ပင် သက်သေသာဓက ရှိပေသတည်း။
Hashim Tin Myint
ထို့ပြင် အလ္လာဟ်အရှင်မြတ်ပင် မိုး‌ကောင်းကင်မှ ‌ရေကိုချ‌ပေး‌တော်မူခဲ့သည်။ ၎င်း‌နောက် အရှင်မြတ်သည် ထို‌ရေနှင့်‌သေပြီးဖြစ်‌သော‌မြေကို ရှင်‌စေ‌တော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲ၌ ကြားနာကြ‌သောသူများအတွက် အမှန်ပင် သက်‌သေ သာဓကရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek