Quran with Burmese translation - Surah An-Nahl ayat 69 - النَّحل - Page - Juz 14
﴿ثُمَّ كُلِي مِن كُلِّ ٱلثَّمَرَٰتِ فَٱسۡلُكِي سُبُلَ رَبِّكِ ذُلُلٗاۚ يَخۡرُجُ مِنۢ بُطُونِهَا شَرَابٞ مُّخۡتَلِفٌ أَلۡوَٰنُهُۥ فِيهِ شِفَآءٞ لِّلنَّاسِۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَتَفَكَّرُونَ ﴾
[النَّحل: 69]
﴿ثم كلي من كل الثمرات فاسلكي سبل ربك ذللا يخرج من بطونها﴾ [النَّحل: 69]
Ba Sein ၆၉။ ထို့နောက် သစ်သီးအမျိုးမျိုးမှ စားသောက်လော့။ သင် လွယ်ကူစွာလိုက်နာဖို့ စီရင်ထားတော်မူသောသင်၏ ကျေးဇူးတော်သခင်၏ နည်းလမ်းများကို လိုက်နာဆောင်ရွက်လော့။ သူတို့၏ ဝမ်းတွင်းမှ အသွေးအရောင် အမျိုးမျိုးသောပျားရည်ကို ရ၏။ ပျားရည်သည် လူသားတို့အတွက် ရောဂါပျောက်စေတတ်သောဆေးဖြစ်၏။ မှတ်သားကြလော့၊ ဤအချင်းအရာ၌ တွေးတောဆင်ခြင်တတ်သူတို့အဖို့အရာ သာဓကတော်တစ်ပါးအမှန်ပင် ပါရှိ၏။ |
Ghazi Mohammad Hashim ထို့နောက်အသင်သည်အသီးအနှံအမျိုးမျိးကိုစုတ်ယူစားသုံးလေသည်။ တစ်ဖန်အသင်သည် အသင့်အားမွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ လွယ်ကူလျက်ရှိသောလမ်းများကို လျှောက်လေလော့။ ယင်းပျားကောင်၏ဝမ်းဗိုက်များမှ အရောင်အမျိုးစုံရှိသော သောက်သုံးဖွယ်ရာ(ပျားရည်)သည်ထွက်လေသည်။ ယင်းသောက်သုံးဖွယ်(ပျားရည်)၌လူတို့အဖို့ အနာရောဂါ ပျောက် ကင်းခြင်းသည်ရှိပေသည်။ ဧကန်မလွဲ ဤသည်၌ စဉ်းစားဆင် ခြင်တတ်သောသူတို့အဖို့ အမှန်ပင် သက်သေသာဓကသည် ရှိပေသတည်း။ |
Hashim Tin Myint “ထို့နောက် အသင်သည် အသီးအနှံတိုင်းမှ စုပ်ယူစားသုံးပါ။ ၎င်းနောက် အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ လွယ်ကူသောလမ်းများကို လျှောက်ပါ။“ ထိုပျားကောင်၏ဝမ်းဗိုက်မှ အရောင်မျိုးစုံရှိသော သောက်သုံးဖွယ်ရာ(ပျားရည်)ထွက်သည်။ ၎င်း(ပျားရည်)တွင် လူများအတွက် ရောဂါပျောက်ကင်းမှုရှိသည်။* အမှန်စင်စစ် ထိုအထဲ၌ စဉ်းစားဆင်ခြင်သောသူများအတွက် အမှန်ပင် သက်သေသာဓကရှိသည်။ |