×

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူပြီးနောက် တစ်ဖန် ထိုအရှင်မြတ်သည်ပင် အသင်တို့အား ကွယ်လွန်သေဆုံးစေတော်မူလေ၏။ ထို့ ပြင် သင်တို့အနက်မှ 16:70 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:70) ayat 70 in Burmese

16:70 Surah An-Nahl ayat 70 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 70 - النَّحل - Page - Juz 14

﴿وَٱللَّهُ خَلَقَكُمۡ ثُمَّ يَتَوَفَّىٰكُمۡۚ وَمِنكُم مَّن يُرَدُّ إِلَىٰٓ أَرۡذَلِ ٱلۡعُمُرِ لِكَيۡ لَا يَعۡلَمَ بَعۡدَ عِلۡمٖ شَيۡـًٔاۚ إِنَّ ٱللَّهَ عَلِيمٞ قَدِيرٞ ﴾
[النَّحل: 70]

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူပြီးနောက် တစ်ဖန် ထိုအရှင်မြတ်သည်ပင် အသင်တို့အား ကွယ်လွန်သေဆုံးစေတော်မူလေ၏။ ထို့ ပြင် သင်တို့အနက်မှ အချို့အား အိုမင်းရင့်ရော်၍ သူငယ်ပြန်သည့်အရွယ်သို့ ရောက်စေတော်မူသောအခါ သူတို့သည် ယခင်က သိခဲ့ပြီးဖြစ်သော်လည်း ယခုတွင်မူ မည်သည့်အရာကိုမျှ သိနိုင်စွမ်း မရှိကြပေ။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၌ စည်းမျဉ်းနိယာမတော်များ သတ်မှတ်တော်မူလျက် အရာရာကို စွမ်းဆောင်နိုင်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: والله خلقكم ثم يتوفاكم ومنكم من يرد إلى أرذل العمر لكي لا, باللغة البورمية

﴿والله خلقكم ثم يتوفاكم ومنكم من يرد إلى أرذل العمر لكي لا﴾ [النَّحل: 70]

Ba Sein
၇ဝ။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ကို ဖန်ဆင်းတော်မူ၏။ ထို့နောက်သေစေတော်မူ၏။ သင်တို့အနက် အချို့သည် အလွန်အိုမင်းမစွမ်း ယုတ်ည့ံခိုကိုးရာမဲ့ဘဝသို့ ရောက်ရှိကြရ၏။ သူတို့သည် အသိဉာာဏ်တရားရရှိခဲ့သော်လည်း ဤနောက်ဆုံးဘဝ၌ သတိမေ့လျော့ အသိဉာာဏ်ကင်းမဲ့ကြ၏။ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် သိတော်မူသောအရှင်၊ တန်ခိုးကြီးတော်မူသောသခင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းတော်မူလေသည်။ တစ်ဖန် ထိုအရှင်မြတ်သည်ပင် အသင်တို့အားသေဆုံးစေတော်မူလေသည်။ ထို့ပြင်အသင် တို့တွင် အညံ့ဆုံးသောအသက်အရွယ် သို့ ပြန်ရောက်စေခြင်းကို ခံရသောသူများလည်းရှိပေသည်။ နောက်ဆုံးတွင်ထိုသူများ သည် သိပြီး နောက် (သတိပညာ ချွတ်ယွင်းသွားသောကြောင့်) မည်သည့် တစ်စုံတစ်ရာကိုမျှ သိနားလည်ခြင်းမရှိ (ကြ)တော့ ချေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ ကို သိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင် တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
ထို့ပြင် အလ္လာဟ်အရှင်မြတ်ကပင် အသင်တို့အား ဖန်ဆင်း‌တော်မူခဲ့သည်။ ၎င်း‌နောက် အရှင်မြတ်ကပင် အသင်တို့အား(အသက်နှုတ်သိမ်းပြီး)‌သေ‌စေ‌တော်မူသည်။ ထို့ပြင် အသင်တို့ထဲ၌ အညံ့ဆုံး အသက်အရွယ်(သူငယ်ပြန်‌သောအရွယ်)သို့ ပြန်‌ရောက်‌စေခြင်းကို ခံရသူများလည်းရှိသည်။ ‌နောက်ဆုံး၌ ထိုသူများသည် သိရှိပြီး‌နောက် မည်သည့်အရာတစ်ခုမျှ မသိဖြစ်ရသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အရာအားလုံးအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek