×

ထိုမျှမက (ထိုအရှင်မြတ်သည်ပင်လျှင်) မြင်း၊ လားနှင့်မြည်းစသော တိရစ္ဆာန်များကိုလည်း အသင်တို့ သည် ယင်းတို့ကို စီးနင်းကြရန်နှင့်ကြည်နူးဖွယ်ရာလှပတင့်တယ်မှုကို ရရှိခံစားစေရန်လည်းကောင်း၊ အ သင်တို့ 16:8 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:8) ayat 8 in Burmese

16:8 Surah An-Nahl ayat 8 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 8 - النَّحل - Page - Juz 14

﴿وَٱلۡخَيۡلَ وَٱلۡبِغَالَ وَٱلۡحَمِيرَ لِتَرۡكَبُوهَا وَزِينَةٗۚ وَيَخۡلُقُ مَا لَا تَعۡلَمُونَ ﴾
[النَّحل: 8]

ထိုမျှမက (ထိုအရှင်မြတ်သည်ပင်လျှင်) မြင်း၊ လားနှင့်မြည်းစသော တိရစ္ဆာန်များကိုလည်း အသင်တို့ သည် ယင်းတို့ကို စီးနင်းကြရန်နှင့်ကြည်နူးဖွယ်ရာလှပတင့်တယ်မှုကို ရရှိခံစားစေရန်လည်းကောင်း၊ အ သင်တို့ (မြင်နိုင်တွေ့ကြုံခံစားနိုင်သောအရာများအပြင် အခြားဉာဏ်မမီ၍) မသိကြသေးသောအရာ များကိုလည်းကောင်း၊ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။

❮ Previous Next ❯

ترجمة: والخيل والبغال والحمير لتركبوها وزينة ويخلق ما لا تعلمون, باللغة البورمية

﴿والخيل والبغال والحمير لتركبوها وزينة ويخلق ما لا تعلمون﴾ [النَّحل: 8]

Ba Sein
၈။ ထို့အပြင်အရှင်မြတ်သည် သင်တို့စီးနင်းသွားလာဖို့ရာသော်လည်းကောင်း၊ ခန့်ငြားတင့်တယ်ဖို့ရာသော်လည်း ကောင်း၊ မြင်း၊ မြည်းတိရိစ္ဆာန်များကို ဖန်ဆင်းတော်မူ၏။ ထို့အပြင်သင်တို့မသိသောအရာများကိုလည်း ဖန်ဆင်း တော်မူ၏။
Ghazi Mohammad Hashim
၎င်းပြင် (ထိုအရှင်မြတ်သည်ပင်လျှင်)မြင်း၊ လားနှင့်မြည်းတိရစ္ဆာန်များကိုလည်း အသင်တို့သည် ၎င်းတို့ကို စီးနင်းကြရန်လည်းကောင်း၊ (အသင်တို့အဖို့)လှပတင့်တယ်မှုရှိစေရန်လည်းကောင်း၊ (ဖန်ဆင်းတော်မူခဲ့ပေသည်)။ ထိုနည်းတူစွာထိုအရှင်မြတ်သည် အသင်တို့မသိကြသော (မြောက်များစွာသော)အရာများကိုလည်း ဖန်ဆင်းတော်မူလေသည်။
Hashim Tin Myint
ထို့ပြင် မြင်း၊ လားနှင့် မြည်းတိရစာ္ဆန်များကိုလည်း အသင်တို့သည် သူတို့အား စီးနင်းကြရန်အတွက်နှင့် လှပတင့်တယ်မှုရှိ‌စေရန်အတွက်* (ဖန်ဆင်း‌တော်မူခဲ့သည်)။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ မသိကြ‌သောအရာများကိုလည်း ဖန်ဆင်း‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek