Quran with Burmese translation - Surah An-Nahl ayat 7 - النَّحل - Page - Juz 14
﴿وَتَحۡمِلُ أَثۡقَالَكُمۡ إِلَىٰ بَلَدٖ لَّمۡ تَكُونُواْ بَٰلِغِيهِ إِلَّا بِشِقِّ ٱلۡأَنفُسِۚ إِنَّ رَبَّكُمۡ لَرَءُوفٞ رَّحِيمٞ ﴾
[النَّحل: 7]
﴿وتحمل أثقالكم إلى بلد لم تكونوا بالغيه إلا بشق الأنفس إن ربكم﴾ [النَّحل: 7]
Ba Sein ၇။ ထို့အပြင်သင်တို့သည် အလွန်ခဲယဉ်းစွာသွားရသောနေရာအရပ်သို့၊ ၎င်းတို့သည် သင်တို့၏ အထုပ်အပိုးများကို သည်ပိုးရွက်ဆောင်၏။ မှတ်သားကြလော့။ သင်တို့၏ အရှင်သခင်သည် အလွန်သနားကြင်နာတော်မူ၏။ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ယင်းခြေလေးချောင်းတိရစ္ဆာန်များသည် အသင်တို့၏ ဝန်စည်စလယ်များကို အသင်တို့ အလွန်အမင်း ခဲယဉ်းစွာသာလျှင် ရောက်ရှိနိုင်ကြသောမြို့ရွာသို့ သယ်ပိုး(၍ပို့ဆောင်)ခြင်းကိုလည်း ပြုကြကုန်သည်။ ဧကန်စင်စစ်အသင်တို့၏အရှင်မြတ်သည် အလွန်တရာ နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာ တာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် ခြေလေးချောင်းတိရစာ္ဆန်များသည် အသင်တို့၏ဝန်စည်များကိုလည်း အသင်တို့ အလွန်ခဲယဉ်းစွာဖြင့် ရောက်ရှိနိုင်ကြသောမြို့ရွာများထံသို့ သယ်ပိုးပေးမှုကိုလည်း ပြုလုပ်ကြသည်။ အမှန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ |