×

(စင်စစ်သော်ကား) သူတို့သည် အလ္လာဟ်အရှင်မြတ် (၏ လမ်းညွှန်တော်၊ ကျမ်းတော်နှင့်ကျေးဇူးတော် အပြည့်အစုံဖြင့်) ဂုဏ်ပေးတော်မူခြင်းကို ကောင်းစွာသိနားလည် (၍ဝန်ခံကြ) ပြီးနောက် တစ်ဖန် 16:83 Burmese translation

Quran infoBurmeseSurah An-Nahl ⮕ (16:83) ayat 83 in Burmese

16:83 Surah An-Nahl ayat 83 in Burmese (البورمية)

Quran with Burmese translation - Surah An-Nahl ayat 83 - النَّحل - Page - Juz 14

﴿يَعۡرِفُونَ نِعۡمَتَ ٱللَّهِ ثُمَّ يُنكِرُونَهَا وَأَكۡثَرُهُمُ ٱلۡكَٰفِرُونَ ﴾
[النَّحل: 83]

(စင်စစ်သော်ကား) သူတို့သည် အလ္လာဟ်အရှင်မြတ် (၏ လမ်းညွှန်တော်၊ ကျမ်းတော်နှင့်ကျေးဇူးတော် အပြည့်အစုံဖြင့်) ဂုဏ်ပေးတော်မူခြင်းကို ကောင်းစွာသိနားလည် (၍ဝန်ခံကြ) ပြီးနောက် တစ်ဖန် သူတို့ သည် ယင်းကျေးဇူးတော်များကို ပစ်ပယ်ငြင်းပယ်ကြကုန်၏။ ထို့ပြင် သူတို့အနက် အများစုသည် (အမှန်တရားသစ္စာ ကို) မယုံကြည်ဖီဆန်ငြင်းပယ်နေကြ၏။

❮ Previous Next ❯

ترجمة: يعرفون نعمة الله ثم ينكرونها وأكثرهم الكافرون, باللغة البورمية

﴿يعرفون نعمة الله ثم ينكرونها وأكثرهم الكافرون﴾ [النَّحل: 83]

Ba Sein
၈၃။ သူတို့သည် အရှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်ကို သိကြ၏။ ထို့နောက်ကျေးဇူးတော်ကို ငြင်းကြ၏။ သူတို့အနက် အများအပြားတို့သည် ကျေးဇူးကန်းသူများဖြစ်ကြ၏။
Ghazi Mohammad Hashim
(စင်စစ်သော်ကား) ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ဝန်ခံကြကုန်၏။ ထို့နောက်၎င်းတို့သည် ယင်းကျေးဇူးတော်များကို ငြင်းပယ်ကြကုန်၏။(တစ်နည်း)၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို သိမှတ်ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ယင်းကျေးဇူးအာတော်များကို မသိလေဟန်ဆောင်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့ အနက် မြောက်မြားစွာသောသူတို့ကား ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ပင် ဖြစ်ကြကုန်သတည်း။
Hashim Tin Myint
(အမှန်စင်စစ်) သူတို့သည် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်များကို သိရှိဝန်ခံကြသည်။ ၎င်း‌နောက် သူတို့သည် ထို‌ကျေးဇူး‌တော်များကို ငြင်းပယ်ကြသည်။* ထို့ပြင် သူတို့ထဲမှ အ‌မြောက်အမြားသည် ကာဖိရ်ငြင်းပယ်သူများပင် ဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek