Quran with Burmese translation - Surah An-Nahl ayat 88 - النَّحل - Page - Juz 14
﴿ٱلَّذِينَ كَفَرُواْ وَصَدُّواْ عَن سَبِيلِ ٱللَّهِ زِدۡنَٰهُمۡ عَذَابٗا فَوۡقَ ٱلۡعَذَابِ بِمَا كَانُواْ يُفۡسِدُونَ ﴾
[النَّحل: 88]
﴿الذين كفروا وصدوا عن سبيل الله زدناهم عذابا فوق العذاب بما كانوا﴾ [النَّحل: 88]
Ba Sein ၈၈။ အကြင်သူတို့သည် အယူမှား၍ လူသားတို့အား အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ တားဆီးထားကြ၏။ ထိုသူတို့သည် ကမ္ဘာမြေပေါ်တွင် မတရားယုတ်ည့ံမှုကို ကျူးလွန်သောကြောင့် ငါအရှင်မြတ်သည် အပြစ် ဒဏ်တော်တစ်ခုပြီးတစ်ခုဖြစ်ပေါ်စေခဲ့၏။ |
Ghazi Mohammad Hashim အကြင်သူတို့သည် (မိမိတို့ကိုယ်တိုင်) သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ၎င်းပြင် (သူတစ်ပါးတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်မှ တားဆီးခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့သည် ဖျက်ဆီးလေ့ရှိခဲ့ကြ သောကြောင့် ပြစ်ဒဏ်တစ်မျိုးပေါ်၌ ပြစ်ဒဏ်တစ်မျိုးကို ထပ်တိုးစေတော်မူအံ့။ |
Hashim Tin Myint အကြင်သူများသည် ငြင်းပယ်ခဲ့ကြသည်။ ၎င်းနောက် (လူများအား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ တားဆီးခဲ့ကြသည်။ သူတို့သည် ဖျက်ဆီးလေ့ရှိခဲ့ကြသည့်အတွက် ငါအရှင်မြတ်သည် သူတို့အား ပြစ်ဒဏ်တစ်ခုအပေါ်၌ တစ်ခုထပ်တိုးပြီးပေးတော်မူမည်။ |