Quran with Burmese translation - Surah An-Nahl ayat 89 - النَّحل - Page - Juz 14
﴿وَيَوۡمَ نَبۡعَثُ فِي كُلِّ أُمَّةٖ شَهِيدًا عَلَيۡهِم مِّنۡ أَنفُسِهِمۡۖ وَجِئۡنَا بِكَ شَهِيدًا عَلَىٰ هَٰٓؤُلَآءِۚ وَنَزَّلۡنَا عَلَيۡكَ ٱلۡكِتَٰبَ تِبۡيَٰنٗا لِّكُلِّ شَيۡءٖ وَهُدٗى وَرَحۡمَةٗ وَبُشۡرَىٰ لِلۡمُسۡلِمِينَ ﴾
[النَّحل: 89]
﴿ويوم نبعث في كل أمة شهيدا عليهم من أنفسهم وجئنا بك شهيدا﴾ [النَّحل: 89]
| Ba Sein ၈၉။ ငါသည် လူမျိုးတိုင်း၌ မိမိတို့သားချင်းတဦးစီကို သူတို့နှင့်ဆန့်ကျင်ဘက်သက်သေထူတော်မူသောနေ့တော်ကြီး ကို စဉ်းစားဆင်ခြင်ကြလော့။ အို-မိုဟမ္မဒ်၊ သင့်အားလည်း သူတို့နှင့်ဆန့်ကျင်ဘက်သက်သေဖြစ်စေတော်မူ၏။ ငါသည် သင့်အား ကုရ်အာန်ကျမ်းတော်မြတ်အား အရာခပ်သိမ်းကို ရှင်းလင်းဟောပြောချက်အဖြစ်ဖြင့်သော် လည်းကောင်း၊ အရှင်မြတ်အား ကျိုးနွံနာခံသောသူမြတ်တို့အဖို့ လမ်းညွှန်တော်၊ ကောင်းကြီးမင်္ဂလာတော်ကြီး နှင့် သတင်းကောင်းအဖြစ်ဖြင့်သော်လည်းကောင်း၊ ထုတ်ပြန်ချပေးသနားတော်မူ၏။ |
| Hashim Tin Myint ထို့ပြင် ထိုနေ့တွင် ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းမှ သူတို့နှင့်ဆန့်ကျင်ပြီး သူတို့ထဲမှပင် သက်သေတစ်ဦးစီကို ခေါ်ယူတော်မူမည်။ ၎င်းနောက် ငါအရှင်မြတ်သည် အသင်(တမန်တော်)အား ဤသူများနှင့်ဆန့်ကျင်၍ သက်သေအဖြစ်ခေါ်ယူတော်မူမည်။* ထို့ပြင် ငါအရှင်မြတ်သည် (ထိုသို့ သက်သေထွက်ဆိုရန်အတွက်) အသင်၏အပေါ်တွင် (ကုရ်အာန်)ကျမ်းတော်မြတ်ကို အရာလားလုံး၏ ရှင်းလင်းချက်အဖြစ်လည်းကောင်း၊ မွတ်စ်လင်မ်များအတွက် လမ်းမှန်ညွှန်ကြားပြသချက်အဖြစ်လည်းကောင်း၊ ကရုဏာတော်အဖြစ်လည်းကောင်း ချပေးတော်မူခဲ့သည်။ |