Quran with Burmese translation - Surah Al-Isra’ ayat 12 - الإسرَاء - Page - Juz 15
﴿وَجَعَلۡنَا ٱلَّيۡلَ وَٱلنَّهَارَ ءَايَتَيۡنِۖ فَمَحَوۡنَآ ءَايَةَ ٱلَّيۡلِ وَجَعَلۡنَآ ءَايَةَ ٱلنَّهَارِ مُبۡصِرَةٗ لِّتَبۡتَغُواْ فَضۡلٗا مِّن رَّبِّكُمۡ وَلِتَعۡلَمُواْ عَدَدَ ٱلسِّنِينَ وَٱلۡحِسَابَۚ وَكُلَّ شَيۡءٖ فَصَّلۡنَٰهُ تَفۡصِيلٗا ﴾
[الإسرَاء: 12]
﴿وجعلنا الليل والنهار آيتين فمحونا آية الليل وجعلنا آية النهار مبصرة لتبتغوا﴾ [الإسرَاء: 12]
Ba Sein ၁၂။ ငါအရှင်မြတ်သည် ညဉ့်နှင့်နေ့ကို သာဓကတော်ကြီးနှစ်ပါးဖြစ်တော်မူ၏။ ထို့နောက်မှောင်မိုက်ခြင်းကို ညဉ့်၏ လက္ခဏာ၊ အလင်းရောင်ကို နေ့၏ လက္ခဏာဖြစ်စေတော်မူ၏။ နေ့မှာ သင်တို့သည် သင်တို့၏ ကျေးဇူးတော် သခင်၏ ကောင်းကြီးမင်္ဂလာတော်ကို ရှာမှီးဖို့ရာဖြစ်၏။ ယင်းသို့ညဉ့်နှင့်နေ့ကို ဖန်ဆင်းတော်မူခြင်းအကြောင်းမှာ နှစ်လရက်ရေတွက်ဖို့ရာနှင့် ၎င်းတို့အရေအတွက်ကို သိဖို့ရာ ဖြစ်၏။ ငါသည် အရာတိုင်းကို ရှင်းလင်းထင်ရှားစွာ ရှင်းလင်းထားတော်မူ၏။ |
Ghazi Mohammad Hashim ထု့ိပြင် ငါအရှင်မြတ်သည် ညကိုလည်း ကောင်း၊နေ့ ကိုလည်းကောင်း၊ သက်သေလက္ခဏာ နှစ်ရပ်ကို ပြုလုပ်ထားတော်မူခဲ့လေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ည၏သက်သေလက္ခဏာနှစ်ရပ်ကို မှေးမှိန်စေတော်မူ၍ နေ့၏သက်သေလက္ခဏာများကိုမူကား အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကျေးဇူးတော်ကို ဆည်းပူးရှာဖွေကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည် နှစ်များ၏အရေအတွက်နှင့်တွက်ချက်မှုကို သိရှိကြအံ့ သောငှာလည်းကောင်း၊ငါအရှင်မြတ်သည် စက္ခုကိုအလင်းပေးသောအရာ ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ် သော်ကား ငါအရှင်မြတ်သည် (လိုအပ်သော) အရာ ခပ်သိမ်းတို့ကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူခဲ့ပေသတည်း။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် ညနှင့်နေ့ကို သက်သေနှစ်ခုအဖြစ် ပြုလုပ်ထားတော်မူသည်။ ၎င်းနောက် ငါအရှင်မြတ်သည် ည၏သက်သေလက္ခဏာကို (အလင်း)ဖျောက်ဖျက်(၍ အမှောင်ပြုလုပ်)တော်မူပြီး နေ့၏သက်သေလက္ခဏာကို အလင်းပြုလုပ်တော်မူသည်။ ထိုသို့ ပြုလုပ်ရသည့်အကြောင်းကမူ အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကျေးဇူးတော်(စားနပ်ရိက္ခာ)ကို ရှာဖွေကြရန်၊ အသင်တို့သည် နှစ်များ၏အရေအတွက်ကို သိကြရန်နှင့် စာရင်းတွက်ချက်မှုများကို သိကြရန်အတွက်ပင်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အရာအားလုံးကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူသည်။ |