×

သို့ရာတွင် မည်သူမဆို တမလွန်ဘဝကိုသာ ရည်စူး၍ ယင်းအတွက် ရုန်းကန်သင့်သည့် အနေအထားဖြင့် အစွမ်းကုန် ရုန်းကန်လျှင် ထိုသူသည် စစ်မှန်သော ယုံကြည်သူတစ်ဦးဖြစ်ပြီး 17:19 Burmese translation

Quran infoBurmeseSurah Al-Isra’ ⮕ (17:19) ayat 19 in Burmese

17:19 Surah Al-Isra’ ayat 19 in Burmese (البورمية)

Quran with Burmese translation - Surah Al-Isra’ ayat 19 - الإسرَاء - Page - Juz 15

﴿وَمَنۡ أَرَادَ ٱلۡأٓخِرَةَ وَسَعَىٰ لَهَا سَعۡيَهَا وَهُوَ مُؤۡمِنٞ فَأُوْلَٰٓئِكَ كَانَ سَعۡيُهُم مَّشۡكُورٗا ﴾
[الإسرَاء: 19]

သို့ရာတွင် မည်သူမဆို တမလွန်ဘဝကိုသာ ရည်စူး၍ ယင်းအတွက် ရုန်းကန်သင့်သည့် အနေအထားဖြင့် အစွမ်းကုန် ရုန်းကန်လျှင် ထိုသူသည် စစ်မှန်သော ယုံကြည်သူတစ်ဦးဖြစ်ပြီး ထို (သို့ရုန်းကန်သော) သူတို့သည် စွမ်းစွမ်းတမံ ရုန်းကန်အားထုတ်ခြင်းနှင့်အညီ (အကျိုးဆုလဒ်များရထိုက်၍ အရှင်မြတ်ကို) ကျေးဇူးသိတတ် သူများအဖြစ် အသိအမှတ်ပြုခံရသူများပင် ဖြစ်ကြ၏။

❮ Previous Next ❯

ترجمة: ومن أراد الآخرة وسعى لها سعيها وهو مؤمن فأولئك كان سعيهم مشكورا, باللغة البورمية

﴿ومن أراد الآخرة وسعى لها سعيها وهو مؤمن فأولئك كان سعيهم مشكورا﴾ [الإسرَاء: 19]

Ba Sein
၁၉။ အကြင်သူတို့သည် နောင်တမလွန်ဘဝကို မက်မောကြ၏။ ယုံကြည်သူအဖြစ်ဖြင့် ထိုဘဝအတွက် လိုအပ်သော ကြိုးစားမှုနှင့် ကြိုးစားအ့ံ။ ထိုသူတို့၏ ကြိုးစားမှုကို သူတို့၏ ကျေးဇူးတော်သခင်သည် နှစ်ခြိုက်တော်မူ၏။
Ghazi Mohammad Hashim
သို့ရာတွင် မည်သူမဆို တမလွန်ဘဝကို ရည်စူးခဲ့သော်၊ ၎င်းပြင် ထိုသူသည် တမလွန်ဘဝနှင့်လျော်ညီသောကြိုးစားမှုကိုလည်း အပတ်တကုတ် အားထုတ်ကြိုးစားခဲ့သော်၊ထိုမှတစ်ပါး ၎င်းသည် မုအ်မင်န်သက်ဝင်ယုံကြည်သူလည်းဖြစ်ခဲ့သော်၊ ထိုကဲ့သို့သောသူတို့၏ ကြိုးပမ်းမှုကား သဘောတူလက်ခံပြီးဖြစ်အံ့သတည်း။
Hashim Tin Myint
ထို့ပြင် မည်သူမဆို အီမာန်ယုံကြည်သူလည်းဖြစ်လျက် သူသည် တမလွန်ဘဝကို ရည်ရွယ်၍ တမလွန်ဘဝနှင့်ကိုက်ညီ‌သော ကြိုးပမ်းအားထုတ်မှုကို ကြိုးပမ်းခဲ့လျှင်၊ ထိုသူများပင် သူတို့၏ကြိုးပမ်းအားထုတ်မှုသည် အကျိုး‌ကျေးဇူး‌ပေးခြင်း ခံရမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek