Quran with Burmese translation - Surah Al-Isra’ ayat 21 - الإسرَاء - Page - Juz 15
﴿ٱنظُرۡ كَيۡفَ فَضَّلۡنَا بَعۡضَهُمۡ عَلَىٰ بَعۡضٖۚ وَلَلۡأٓخِرَةُ أَكۡبَرُ دَرَجَٰتٖ وَأَكۡبَرُ تَفۡضِيلٗا ﴾
[الإسرَاء: 21]
﴿انظر كيف فضلنا بعضهم على بعض وللآخرة أكبر درجات وأكبر تفضيلا﴾ [الإسرَاء: 21]
Ba Sein ၂၁။ တမန်တော် ငါသည် အချို့သောသူကို အချို့သောသူထက် မည်သို့သာလွန်နှစ်သက်တော်မူသည်ကို ကြည့်ရှု ကြလော့။ အမှန်မှာ နောင်တမလွန်ဘဝသည် သာ၍ ကြီးကျယ်မြင့်မြတ်၍ လိုလားဖွယ်ကောင်းလှ၏။ |
Ghazi Mohammad Hashim ငါအရှင်မြတ်သည် ၎င်းတို့အနက် အချို့ကိုအချို့ထက် မည်သို့မည်ပုံ ထွတ်မြတ်စေတော်မူခဲ့ သည်ကိုအသင်သည်ရှုပါလေ။ အမှန်စင်စစ် နောင်တမလွန်ဘဝသည်အဆင့်အတန်းအားဖြင့်လည်းကောင်း၊ ထွတ်မြတ်မှုအားဖြင့်လည်းကောင်း၊ အလွန် ကြီးကျယ်လှပေသတည်း။ |
Hashim Tin Myint ငါအရှင်မြတ်သည် သူတို့ထဲမှ အချို့ကိုအချို့ထက် မည်သို့ မြင့်မြတ်စေတော်မူခဲ့သနည်းဆိုသည်ကို အသင်ကြည့်ပါ။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝသည် အဆင့်အတန်းအားဖြင့်သာမက မြင့်မြတ်မှုအားဖြင့်လည်း အလွန်ကြီးကျယ်လှသည်။ |