×

ထို့ပြင် အသင်သည် သင်၏ကရုဏာ (နှင့်မေတ္တာကို ကိုယ်စားပြုသည့်) အတောင်ပျံအား ထိုမိဘနှစ်ပါး ၏ရှေ့မှောက်တွင် ကျိုးနွံစွာ နှိမ့်ချထားလော့။ ထို့ပြင် (ထိုမိဘနှစ်ပါးနှင့်ပတ်သက်၍ 17:24 Burmese translation

Quran infoBurmeseSurah Al-Isra’ ⮕ (17:24) ayat 24 in Burmese

17:24 Surah Al-Isra’ ayat 24 in Burmese (البورمية)

Quran with Burmese translation - Surah Al-Isra’ ayat 24 - الإسرَاء - Page - Juz 15

﴿وَٱخۡفِضۡ لَهُمَا جَنَاحَ ٱلذُّلِّ مِنَ ٱلرَّحۡمَةِ وَقُل رَّبِّ ٱرۡحَمۡهُمَا كَمَا رَبَّيَانِي صَغِيرٗا ﴾
[الإسرَاء: 24]

ထို့ပြင် အသင်သည် သင်၏ကရုဏာ (နှင့်မေတ္တာကို ကိုယ်စားပြုသည့်) အတောင်ပျံအား ထိုမိဘနှစ်ပါး ၏ရှေ့မှောက်တွင် ကျိုးနွံစွာ နှိမ့်ချထားလော့။ ထို့ပြင် (ထိုမိဘနှစ်ပါးနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်ထံတော်၌) အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ် ကျွန်ုပ်မိဘ နှစ်ပါးသည် ကျွန်ုပ်အား ငယ်စဉ်တောင်ကျေးကလေးဘဝ၌ ပြုစုပျိုးထောင်ကြသကဲ့သို့ပင် အရှင်မြတ်သည်လည်း သူတို့ နှစ်ပါးအပေါ်၌ ကရုဏာသက်တော်မူပါ။” ဟု ဆုတောင်းပန်ကြားလော့။

❮ Previous Next ❯

ترجمة: واخفض لهما جناح الذل من الرحمة وقل رب ارحمهما كما ربياني صغيرا, باللغة البورمية

﴿واخفض لهما جناح الذل من الرحمة وقل رب ارحمهما كما ربياني صغيرا﴾ [الإسرَاء: 24]

Ba Sein
၂၄။ သင်တို့သည် မိဘတို့အား ဂရုဏာသဘောနှင့်ခယရိုသေခြင်းအတောင်ကို နှိမ့်ချကြလော့။ ၎င်းအပြင်မိဘတို့ အတွက် အို-အကျွနု်ပ်၏ ကျေးဇူးတော်သခင် အကျွနု်ပ်၏ မိဘနှစ်ပါးသည် အကျွနု်ပ်အား ငယ်စဉ်တောင်ကျေး ကလေးဘဝတွင် ကျွေးမွေးပြုစုသကဲ့သို့ အရှင်ကလည်း ထိုမိဘနှစ်ပါးကို သနားစောင့်ရှောက်ချီးမြှောက်တော်မူပါ ဟု ဆုတောင်းပဌနာပြုကြလော့။
Ghazi Mohammad Hashim
၎င်းအပြင် အသင်သည် ထိုမိဘနှစ်ပါး၏ ရှေ့မှောက်တွင် ၎င်းတို့အပေါ်၌ ကရုဏာတရားထားရှိ သောအားဖြင့် ကျိုးနွံစွာရှိပါလေ။ ထို့ပြင် အသင်သည် (ထိုမိဘနှစ်ပါးနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်၊ ထိုမိဘနှစ်ပါးသည်ကျွန်တော် မျိုးအား ငယ်စဉ်တောင်ကျေး ကလေးဘဝ၌ ပြုစုပျိုးထောင်ခဲ့ကြသကဲ့သို့ပင် အရှင်မြတ်သည်လည်း ၎င်းတို့နှစ်ပါးအပေါ်၌ ကရုဏာပြုတော်မူပါဟု လျှောက်ထားပန်ကြားပါလေ။
Hashim Tin Myint
ထို့ပြင် အသင်သည် ထိုမိဘနှစ်ပါး၏‌ရှေ့၌ သူတို့အ‌ပေါ်တွင် ကြင်နာ‌သောသ‌ဘောနှင့် ကျိုးနွံပါ။ ၎င်း‌နောက် အသင်သည် (အရှင်မြတ်ထံ‌တော်၌ ဤသို့)‌တောင်းဆိုပါ- “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ထိုမိဘနှစ်ပါးသည် ကျွန်ုပ်ကို ငယ်စဉ်ကတည်းက ပြုစုပျိုး‌ထောင်ကြသကဲ့သို့ အရှင်မြတ်ကလည်း သူတို့နှစ်ပါးအ‌ပေါ်တွင် သနားကြင်နာ‌တော်မူပါ။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek