Quran with Burmese translation - Surah Al-Isra’ ayat 26 - الإسرَاء - Page - Juz 15
﴿وَءَاتِ ذَا ٱلۡقُرۡبَىٰ حَقَّهُۥ وَٱلۡمِسۡكِينَ وَٱبۡنَ ٱلسَّبِيلِ وَلَا تُبَذِّرۡ تَبۡذِيرًا ﴾
[الإسرَاء: 26]
﴿وآت ذا القربى حقه والمسكين وابن السبيل ولا تبذر تبذيرا﴾ [الإسرَاء: 26]
Ba Sein ၂၆။ သင်တို့သည် မိမိတို့သားချင်းအား သူရထိုက်သောအထောက်အပံ့ကို ပေးလော့။ ထို့အပြင်သူတောင်းစားခရီးသွား အာဂန္တုတို့ကိုလည်း ပေးကမ်းလှုဒါန်းလော့။ သင်တို့သည် မိမိဥစ္စာပစ္စည်းကို အချည်းနှီးအကျိုးမဲ့မဖြုန်းတီးကြလင့်။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး အသင်သည် ဆွေမျိုးနီးစပ်သူအား၎င်း၏ရသင့်ရထိုက်သော အခွင့်အရေးကို ပေးပါလေ။ (ထို့ပြင်သူဆင်းရဲအားလည်းကောင်း၊ ခရီးသည်အား လည်းကောင်း၊(ယင်းတို့ရသင့်ရထိုက်သောအခွင့်အရေးများကိုပေးပါလေ)။ သို့ရာတွင် အသင်သည်(မိမိဥစ္စာပစ္စည်းများကို)အလဟဿမဖြုန်းတီးလေနှင့်။ |
Hashim Tin Myint ထို့ပြင် အသင်သည် ဆွေမျိုးသားချင်းအား သူတို့၏ရသင့်ရထိုက်သော အခွင့်အရေးကို ပေးလိုက်ပါ။ ၎င်းနောက် ဆင်းရဲသားနှင့် ခရီးသည်ကိုလည်း (သူတို့ရသင့်သော အခွင့်အရေးမျာကို ပေးလိုက်ပါ)။ ၎င်းနောက် အသင်သည် အလဟဿ မဖြုန်းတီးလေနှင့်။ |