Quran with Burmese translation - Surah Al-Isra’ ayat 30 - الإسرَاء - Page - Juz 15
﴿إِنَّ رَبَّكَ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُۚ إِنَّهُۥ كَانَ بِعِبَادِهِۦ خَبِيرَۢا بَصِيرٗا ﴾
[الإسرَاء: 30]
﴿إن ربك يبسط الرزق لمن يشاء ويقدر إنه كان بعباده خبيرا بصيرا﴾ [الإسرَاء: 30]
Ba Sein ၃ဝ။ မှတ်သားလော့။ သင်၏ ကျေးဇူးတော်သခင်သည် အလိုတော်ရှိသူအား ရိက္ခာဥစ္စာပေါများကြွယ်ဝစေတော်မူ၏။ ဆင်းရဲနွမ်းပါးစေလိုတော်မူသူများအား ဥစ္စာပစ္စည်းကျပ်တည်းစေတော်မူ၏။ မှတ်သားကြလော့။ အရှင်မြတ်သည် မိမိကျေးကျွန်တို့ကို အမြဲသိတော်မူသောအရှင်၊ မြင်တော်မူသောအရှင်တည်း။ |
Ghazi Mohammad Hashim ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအားရိက္ခာကို တိုးချဲ့၍ပေးသနားတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်ပင်(မိမိအလိုမရှိတော်မူသောသူအား ရိက္ခာကို) ကျဉ်းကျပ်စေတော်မူလေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် မိမိကျွန်များ၏(အခြေအနေ)ကို အလွန်တရာ သိတော်မူသောအရှင်၊ အလွန်တရာမြင်တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကို ရိက္ခာတိုးချဲ့ပေးသနားတော်မူသည်။ ၎င်းနောက် (အရှင်မြတ်အလိုရှိတော်မူသောသူကို) အရှင်မြတ်ကပင် ကျဉ်းကျပ်စေတော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များ(၏အခြေအနေ)ကို အကြွင်းမဲ့ကြားသိတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင်ဖြစ်တော်မူသည်။ |