Quran with Burmese translation - Surah Al-Isra’ ayat 39 - الإسرَاء - Page - Juz 15
﴿ذَٰلِكَ مِمَّآ أَوۡحَىٰٓ إِلَيۡكَ رَبُّكَ مِنَ ٱلۡحِكۡمَةِۗ وَلَا تَجۡعَلۡ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَتُلۡقَىٰ فِي جَهَنَّمَ مَلُومٗا مَّدۡحُورًا ﴾
[الإسرَاء: 39]
﴿ذلك مما أوحى إليك ربك من الحكمة ولا تجعل مع الله إلها﴾ [الإسرَاء: 39]
Ba Sein ၃၉။ မိုဟမ္မဒ်၊ ဤပညတ်တော်များသည် သင်၏ ကျေးဇူးတော်သခင်က သင်၏ စိတ်နှလုံးအတွင်း၌ ထင်ရှားစေတော် မူသော၊ သိမ်မွေ့နက်နဲသောပညာရပ်၏ တစိတ်တဒေသဖြစ်၏။ သင်သည် အပြစ်ဒဏ်ခတ်၌ ငရဲမီးအတွင်းတွင် စွန့်ပစ်ခြင်းမခံရစိမ့်သောငှာ သင်သည် အလ္လာဟ်အရှင်မြတ်နှင့် အခြားဘုရားကို မတွဲဖက်လင့်။ |
Ghazi Mohammad Hashim ဤသည်တို့ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်ပညာများအနက်မှ အသင့်ထံသို့ ထုတ်ပြန်တော်မူသော အမိန့်ပညတ်တော် များပင်ဖြစ်ကုန်၏။ သို့ဖြစ်ရာ အသင်သည် အလ္လာဟ် အရှင်မြတ်နှင့် ယှဉ်တွဲ၍အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ (တွဲဖက်ကိုးကွယ်ခြင်းကို)မပြုလေနှင့်။ သို့ပြုခဲ့သော် အသင်သည် ဂျဟန္နမ်ငရဲဘုံ၌ ပြစ်တင် ရှုတ်ချခြင်းခံရလျက်၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းခံရလျက် ပစ်ချခြင်းခံရအံ့သတည်း။ |
Hashim Tin Myint ဤအရာများမှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်အမြော်အမြင်များထဲမှ အသင့်ထံသို့ ထုတ်ပြန်ပို့ချလိုက်သော အမိန့်ပညတ်ချက်များပင်ဖြစ်သည်။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍ အခြား မည်သည့်အရာကိုမှ လုံးဝကိုးကွယ်မှု မပြုနှင့်။ ထိုသို့ပြုခဲ့လျှင် အသင်သည် ဂျဟန္နမ်ငရဲဘုံတွင် ပြစ်တင်ရှုတ်ချခြင်းခံရ၍ ကရုဏာတော်မှ ကင်းဝေးခြင်းခံရလျက် ပစ်ချခံရလိမ့်မည်.၏။ |