Quran with Burmese translation - Surah Al-Isra’ ayat 40 - الإسرَاء - Page - Juz 15
﴿أَفَأَصۡفَىٰكُمۡ رَبُّكُم بِٱلۡبَنِينَ وَٱتَّخَذَ مِنَ ٱلۡمَلَٰٓئِكَةِ إِنَٰثًاۚ إِنَّكُمۡ لَتَقُولُونَ قَوۡلًا عَظِيمٗا ﴾
[الإسرَاء: 40]
﴿أفأصفاكم ربكم بالبنين واتخذ من الملائكة إناثا إنكم لتقولون قولا عظيما﴾ [الإسرَاء: 40]
Ba Sein ၄ဝ။ အို-မက္ကာဟ်မြို့သားတို့၊ သင်တို့၏ ကျေးဇူးတော်သခင်သည် သင်တို့အား သားရတနာများပေးသနားတော် မူခြင်းဖြင့် ချီးမြှောက်ဂုဏ်ပြုတော်မူပြီးလျှင် မိမိအဖို့အရာ ကောင်းကင်တမန်တော်များအထဲမှ အမများကိုသာ ရွေးချယ်တော်မူသလော၊ မှတ်သားကြလော့။ သင်တို့သည် အလွန်ကြောက်မက်ဖွယ်ကောင်းသောစကားကို ဆိုချေ၏။ |
Ghazi Mohammad Hashim အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်သည် အသင်တို့အား ထူးခြားစွာ သား ယောက်ျားကလေးများကိုသာ ချီးမြှင့်တော်မူ၍ မိမိကိုယ်တော်တိုင်မှာမူကားမလာအိကဟ် ကောင်းကင် တမန်တို့အား သမီးမိန်းကလေးများအဖြစ် မွေးစားတော်မူထားပါသလော။ ဧကန်မလွဲ အသင်တို့သည် ကြီးကျယ်လွန်မင်းသောစကားကို ပြောဆိုကြကုန်သတည်း။ |
Hashim Tin Myint အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်တို့အား ထူးခြားစွာ သားယောက်ျားလေးများချည်းသာ ပေးတော်မူပြီး အရှင်မြတ်ကိုယ်တိုင်မှာမူ ကောင်းကင်တမန်များအား သမီးမိန်းကလေးများအဖြစ် မွေးစားထားတော်မူပါသလော။ အမှန်စင်စစ် အသင်တို့သည် အလွန်ကြီးကျယ်သောစကားကို ပြောဆိုကြသည် အမှန်ပင်။ |