Quran with Burmese translation - Surah Al-Isra’ ayat 6 - الإسرَاء - Page - Juz 15
﴿ثُمَّ رَدَدۡنَا لَكُمُ ٱلۡكَرَّةَ عَلَيۡهِمۡ وَأَمۡدَدۡنَٰكُم بِأَمۡوَٰلٖ وَبَنِينَ وَجَعَلۡنَٰكُمۡ أَكۡثَرَ نَفِيرًا ﴾
[الإسرَاء: 6]
﴿ثم رددنا لكم الكرة عليهم وأمددناكم بأموال وبنين وجعلناكم أكثر نفيرا﴾ [الإسرَاء: 6]
Ba Sein ၆။ ထို့နောက်သင်တို့အား ထိုသူတို့ကို တလှည့်နိုင်ခွင့်ပေးတော်မူ၏။ ငါသည် သင်တို့အား စည်းစိမ်ချမ်းသာ၊ သားသမီးအခြွေအရံနှင့် မြှောက်စားတော်မူ၏။ သင်တို့အား စစ်မှုရေးရာတွင် သာလွန်လိမ္မာစေတော်မူ၏။ |
Ghazi Mohammad Hashim ထို့နောက် ငါအရှင်မြတ်သည် အသင်တို့အား၎င်းတို့အပေါ်၌ (လွှမ်းမိုးရန်) အလှည့်ပြန်ပေးတော်မူမည်။ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အား ပစ္စည်းဥစ္စာများဖြင့်လည်းကောင်း၊ သား(သမီး)များဖြင့်လည်းကောင်း၊ ကူညီစောင်မတော်မူမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့အားလူစုလူရုံး အားဖြင့်လည်း (လူဦးရေ)မြားမြောင်သော လူစုလူရုံးဖြစ်စေတော်မူပေမည်။ |
Hashim Tin Myint ထို့နောက် ငါအရှင်မြတ်သည် အသင်တို့အား သူတို့အပေါ်တွင် (လွှမ်းမိုးရန်)အလှည့်ပြန်ပေးတော်မူမည်။ ၎င်းနောက် ငါအရှင်မြတ်သည် အသင်တို့အား ပစ္စည်းဥစ္စာများ၊ သား(သမီး)များဖြင့် ကူညီစောင်မတော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ကို များပြားသော အုပ်စုအဖြစ်လည်း ပြုလုပ်တော်မူမည်။ |