Quran with Burmese translation - Surah Al-Isra’ ayat 66 - الإسرَاء - Page - Juz 15
﴿رَّبُّكُمُ ٱلَّذِي يُزۡجِي لَكُمُ ٱلۡفُلۡكَ فِي ٱلۡبَحۡرِ لِتَبۡتَغُواْ مِن فَضۡلِهِۦٓۚ إِنَّهُۥ كَانَ بِكُمۡ رَحِيمٗا ﴾
[الإسرَاء: 66]
﴿ربكم الذي يزجي لكم الفلك في البحر لتبتغوا من فضله إنه كان﴾ [الإسرَاء: 66]
Ba Sein ၆၆။ လူသားအပေါင်းတို့ သင်တို့သည် အရှင်မြတ်၏ ပေးကမ်းစွန့်ကြဲခြင်းကျေးဇူးတော်ကို ရှာမှီးဖို့ရာ သင်တို့၏ အရှင်သခင်သည် သင်တို့အတွက် လှေသင်္ဘောများကို ပင်လယ်သမုဒ္ဒရာကို ဖြတ်သန်းသွားလာစေတော်မူသော အရှင်ဖြစ်တော်မူ၏။ မှတ်သားကြလော့။ အရှင်မြတ်သည် သင်တို့အား အမြဲသနား ကောင်းကြီးမင်္ဂလာပေး သနားတော်မူ၏။ |
Ghazi Mohammad Hashim အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင် အသင်တို့အဖို့ အသင်တို့ ထိုအရှင်မြတ်၏ကျေးဇူးတော်(ရိက္ခာတော်)ကို ရှာဖွေဆည်းပူးကြအံ့သောငှာရွက်သင်္ဘောများကို သမုဒ္ဒရာပင်လယ်၌ သွားလာလှုပ်ရှားစေတော်မူသောအရှင်တည်း။ ဧကန်မလွဲ ထိုအရှင်မြတ်သည်အသင်တို့အပေါ်ဝယ် အလွန်တရာသနားကြင်နာညှာတာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အကြင်အရှင်မြတ်ပင်၊ အသင်တို့အနေနှင့် ထိုအရှင်မြတ်၏ကျေးဇူး(ရိက္ခာ)တော်ကို ရှာဖွေကြရန် အသင်တို့အတွက် ရွက်သဘေင်္ာများကို ပင်လယ်တွင် သွားလာလှုပ်ရှားစေတော်မူသောအရှင်ဖြစ်တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် အသင်တို့အပေါ်တွင် အလွန်သနားကြင်နာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ |