Quran with Burmese translation - Surah Al-Isra’ ayat 65 - الإسرَاء - Page - Juz 15
﴿إِنَّ عِبَادِي لَيۡسَ لَكَ عَلَيۡهِمۡ سُلۡطَٰنٞۚ وَكَفَىٰ بِرَبِّكَ وَكِيلٗا ﴾
[الإسرَاء: 65]
﴿إن عبادي ليس لك عليهم سلطان وكفى بربك وكيلا﴾ [الإسرَاء: 65]
Ba Sein ၆၅။ မှတ်သားလော့။ သစ္စာရှိသောငါ၏ ကျေးကျွန်တို့၊ သူတို့အပေါ်တွင် နင်သြဇာမရှိချေ။ |
Ghazi Mohammad Hashim ဧကန်စင်စစ် ငါအရှင်မြတ်၏ကျွန်(အစစ်အမှန်)တို့မူကား အသင်၌ ၎င်းတို့အပေါ်တွင် လုံးဝဩဇာ အာဏာရှိလိမ့်မည်မဟုတ်ပေ။ စင်စစ် အသင်(မုဟမ္မဒ်)အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင်(၎င်းတို့အား)ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။ |
Hashim Tin Myint အမှန်စင်စစ် ငါအရှင်မြတ်၏(မှန်ကန်သော)ကျွန်များအပေါ် အသင်သည် လုံးဝ အာဏာရှိမည်မဟုတ်ပေ။ ၎င်းနောက် အသင်(တမန်တော် မုဟမ္မဒ်-ဆွ)အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်သည်ပင် အလွန်ယုံပုံလွှဲအပ်ခြင်းခံထိုက်တော်မူသောအရှင်မြတ်အဖြစ် လုံလောက်တော်မူသည်။ |