×

သင်တို့သည် ထိုအရှင်မြတ်က ကုန်းပေါ်၌လည်း သင်တို့အား မြေမျိုစေတော်မူနိုင်သည်ကိုလည်းကောင်း၊ သင်တို့ အပေါ်၌ သဲမုန်တိုင်း စေလွှတ်တော်မူနိုင်သည်ကိုလည်းကောင်း၊ (စိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ သတိမမူ ဥပေက္ခာပြုလျက်) 17:68 Burmese translation

Quran infoBurmeseSurah Al-Isra’ ⮕ (17:68) ayat 68 in Burmese

17:68 Surah Al-Isra’ ayat 68 in Burmese (البورمية)

Quran with Burmese translation - Surah Al-Isra’ ayat 68 - الإسرَاء - Page - Juz 15

﴿أَفَأَمِنتُمۡ أَن يَخۡسِفَ بِكُمۡ جَانِبَ ٱلۡبَرِّ أَوۡ يُرۡسِلَ عَلَيۡكُمۡ حَاصِبٗا ثُمَّ لَا تَجِدُواْ لَكُمۡ وَكِيلًا ﴾
[الإسرَاء: 68]

သင်တို့သည် ထိုအရှင်မြတ်က ကုန်းပေါ်၌လည်း သင်တို့အား မြေမျိုစေတော်မူနိုင်သည်ကိုလည်းကောင်း၊ သင်တို့ အပေါ်၌ သဲမုန်တိုင်း စေလွှတ်တော်မူနိုင်သည်ကိုလည်းကောင်း၊ (စိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ သတိမမူ ဥပေက္ခာပြုလျက်) လုံခြုံစိတ်ချမှုကို ခံစားနေကြလေသလော။ ထို့နောက်တွင်မူ သင်တို့သည် သင်တို့အတွက် (ယုံကြည်ကိုးစားရန် ယုံကြည်စိတ်ချရသော) မည်သည့် ထိန်းသိမ်းစောင့် ရှောက်သူကိုမျှ (ရှာဖွေ) တွေ့ရှိ ကြမည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: أفأمنتم أن يخسف بكم جانب البر أو يرسل عليكم حاصبا ثم لا, باللغة البورمية

﴿أفأمنتم أن يخسف بكم جانب البر أو يرسل عليكم حاصبا ثم لا﴾ [الإسرَاء: 68]

Ba Sein
၆၈။ သင်တို့သည် မိမိတို့အား အရှင်မြတ်၏ မြေမျိုစေတော်ခြင်းဘေးမှသော်လည်းကောင်း၊ မိမိတို့အပေါ်သို့ သဲ မုန်တိုင်းတိုက်ခတ်စေတော်မူခြင်းဘေးမှသော်လည်းကောင်း၊ လုံခြံုသည်ဟု ထင်မှတ်ကြသလော၊ ယင်းအန္တရာယ် နှင့်ရင်ဆိုင်ရသောအခါ သင်တို့၌ ကာကွယ်မည့်တစုံတယောက်မှ မရှိသည်ကို သင်တို့တွေ့ရမည်။
Ghazi Mohammad Hashim
ထိုအရှင်မြတ်သည် ကုန်းပေါ်၌ အသင်တို့အားမြေမျိုစေတော်မူမည်ကိုလည်းကောင်း၊ အသင်တို့ အပေါ်၌သဲမုန်တိုင်း စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ အသင်တို့သည် စိုးရိမ်ခြင်းမရှိဘဲ စိတ်ချ၍နေကြလေသလော။ ထို(သို့ပြုတော်မူခဲ့သည့်)နောက်တွင်မူ အသင်တို့သည် မိမိတို့အဖို့ ကာကွယ် စောင့်ရှောက် မည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင်(ရှာဖွေ) တွေ့ရှိကြမည်မဟုတ်ပေ။ (တစ်နည်း)ထိုအရှင်မြတ်သည် အသင်တို့အား ကုန်းပေါ်၌ပင် မြေမျိုစေတော်မူခြင်းကိုလည်းကောင်း၊ အသင်တို့အပေါ်၌ သဲမုန်တိုင်း စေလွှတ်တော်မူခြင်းကိုသော်လည်းကောင်း၊ ပြုနိုင်တော်မူ၏။ ထိုအခါတွင်အသင်တို့သည် မိမိတို့အဖို့ ကာကွယ် စောင့်ရှောက်မည့်သူတစ်ဦးတစ်ယောက်ကိုမျှပင် (ရှာဖွေ) တွေ့ရှိကြမည် မဟုတ်ပေ။အသင်တို့သည် (ဤသည့်ပြစ်ဒဏ်များမှ) စိုးရိမ်ခြင်းကင်း၍ နေကြလေသလော။
Hashim Tin Myint
အရှင်မြတ်သည် အသင်တို့အား ကုန်း‌ပေါ်၌ပင် ‌မြေမျို‌စေ‌တော်မူခြင်း သို့မဟုတ် အသင်တို့အ‌ပေါ် သဲမုန်တိုင်း ‌စေလွှတ်‌တော်မူခြင်းကို စိုးရိမ်ခြင်းကင်း‌နေကြသ‌လော။ ထို့‌နောက် အသင်တို့သည် အသင်တို့အတွက် ကာကွယ်‌စောင့်‌ရှောက်မည့်သူ မည်သူမှ ‌တွေ့မည်မဟုတ်‌တော့‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek