Quran with Burmese translation - Surah Al-Isra’ ayat 69 - الإسرَاء - Page - Juz 15
﴿أَمۡ أَمِنتُمۡ أَن يُعِيدَكُمۡ فِيهِ تَارَةً أُخۡرَىٰ فَيُرۡسِلَ عَلَيۡكُمۡ قَاصِفٗا مِّنَ ٱلرِّيحِ فَيُغۡرِقَكُم بِمَا كَفَرۡتُمۡ ثُمَّ لَا تَجِدُواْ لَكُمۡ عَلَيۡنَا بِهِۦ تَبِيعٗا ﴾
[الإسرَاء: 69]
﴿أم أمنتم أن يعيدكم فيه تارة أخرى فيرسل عليكم قاصفا من الريح﴾ [الإسرَاء: 69]
Ba Sein ၆၉။ သို့မဟုတ် အရှင်မြတ်သည် သင်တို့အား ရေဘေးသို့ ဒုတိယအကြိမ်ပို့တော်မူခြင်းမှသော်လည်းကောင်း၊ လေပြင်း မုန်တိုင်းအားဖြင့် သင်တို့အား ကျေးဇူးကန်းသောကြောင့် ရေနစ်မြုပ်စေတော်မူခြင်းမှသော်လည်းကောင်း၊ သင်တို့သည် လုံခြံုသည်ဟု ထင်မှတ်ကြသလော။ ကမ္ဘာမြေကြီးပေါ်တွင် သင်တို့အတွက် အလ္လာဟ်အရှင်မြတ်ကို လက်စားချေသူတစုံတယောက်မျှမရှိသည်ကို သင်တို့တွေ့လိမ့်မည်။ |
Ghazi Mohammad Hashim သို့တည်းမဟုတ် အရှင်မြတ်သည် အသင်တို့ အားယင်းသမုဒ္ဒရာပင်လယ်ထဲသို့ နောက်တစ်ကြိမ်ထပ်မံ၍ ရောက်စေတော်မူပြီးလျှင် အသင်တို့အပေါ်၌ အသင်တို့၏သွေဖည်ငြင်းပယ်မှုကြောင့် လေမုန်တိုင်းကိုစေလွှတ်ခြင်းအားဖြင့် အသင်တို့အား နစ်မြုပ်စေတော်မူမည်ကို စိုးရိမ်ခြင်းမရှိဘဲ စိတ်ချ၍နေကြလေသလော။ ထိုအခါ အသင်တို့သည် မိမိတို့အဖို့ ငါ အရှင်မြတ်နှင့်ဆန့်ကျင်၍ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင် (ရှာဖွေ)တွေ့ကြလိမ့်မည် မဟုတ်ပေတကား။(တစ်နည်း)သို့တည်းမဟုတ် ထိုအရှင်မြတ်သည် အသင်တို့အားယင်း သမုဒ္ဒရာပင်လယ်ထဲသို့ နောက်တစ်ကြိမ် ထပ်မံ၍ရောက်စေတော်မူမည်။ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ လေမုန်တိုင်းကို စေလွှတ်တော်မူမည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏သွေဖည်ငြင်းပယ်မှုကြောင့် နစ်မြုပ်စေတော်မူမည်။ ထိုအခါ အသင်တို့သည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ငါအရှင်မြတ်နှင့်ဆန့်ကျင်ပြီး မိမိတို့အဖို့ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင်(ရှာဖွေ)တွေ့ရှိကြလိမ့်မည်မဟုတ်ပေ။ (တစ်နည်း) အသင်တို့သည် မိမိအဖို့ယင်းကိစ္စနှင့်စပ်လျဉ်း၍ ငါ့အားအရေးယူမည့်သူ တစ်ဦးတစ်ယောက်ကိုမျှ တွေ့ရှိကြမည်မဟုတ်ပေ။ အသင်တို့သည် (ဤသည့် ပြစ်ဒဏ်များမှ) စိုးရိမ်ခြင်းကင်း၍ နေကြလေသလော။ |
Hashim Tin Myint သို့မဟုတ် အရှင်မြတ်သည် အသင်တို့အား ထိုပင်လယ်ထဲသို့ နောက်တစ်ကြိမ် ထပ်မံ၍ ရောက်စေတော်မူကာ အသင်တို့အပေါ်တွင် အသင်တို့၏သွေဖည်မှုကြောင့် လေပြင်းမုန်တိုင်းကို စေလွှတ်ခြင်းအားဖြင့် အသင်တို့အား နစ်မြှပ်စေတော်မူမည်ကို စိုးရိမ်ခြင်းမရှိဘဲ စိတ်ချ၍ နေသလော။ ထို့နောက် အသင်တို့သည် အသင်တို့အတွက် ငါအရှင်မြတ်နှင့် ဆန့်ကျင်၍ ကူညီမည့်သူ မည်သူမှ တွေ့မည်မဟုတ်တော့ပေ။ |