Quran with Burmese translation - Surah Al-Isra’ ayat 76 - الإسرَاء - Page - Juz 15
﴿وَإِن كَادُواْ لَيَسۡتَفِزُّونَكَ مِنَ ٱلۡأَرۡضِ لِيُخۡرِجُوكَ مِنۡهَاۖ وَإِذٗا لَّا يَلۡبَثُونَ خِلَٰفَكَ إِلَّا قَلِيلٗا ﴾
[الإسرَاء: 76]
﴿وإن كادوا ليستفزونك من الأرض ليخرجوك منها وإذا لا يلبثون خلافك إلا﴾ [الإسرَاء: 76]
Ba Sein ၇၆။ ထိုမိစ္ဆာမိုက်တို့သည် သင့်အား သင်နေထိုင်ရာအရပ်ဒေသမှ နှင်ထုတ်ပစ်ဖို့ရာ၊ ခြောက်လှန့်ပစ်ဖို့ရာ အမှန်ပင် လိုလားကြ၏။ အကယ်၍သင့်အား နှင်ထုတ်ပစ်လျှင် သူတို့သည် ထိုနေရာတွင် အချိန်အနည်းငယ်သာဆက်လက် နေထိုင်ကြရမည်။ |
Ghazi Mohammad Hashim စင်စစ်ဧကန် ၎င်းတို့သည် အသင့်အား ဤနိုင်ငံမှနှင်ထုတ်ကြရန် ခြောက်လှန်အံ့ဆဲဆဲ ဖြစ်ခဲ့ကြကုန်၏ စင်စစ် ထိုအခါ ၎င်းတို့သည်လည်း အသင်၏နောက်တွင် အနည်းငယ်မျှ(အချိန်ကာလ)မှတစ်ပါး၊ နေနိုင်ကြမည်မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် သူတို့သည် အသင့်အား ဤ(မက္ကဟ်)မြေမှ နှင်ထုတ်ကြရန် ခြောက်လှန့်လုနီးပါးဖြစ်ခဲ့ကြသည်။ ၎င်းနောက် သို့ဖြစ်လျှင် သူတို့သည်လည်း အသင်၏နောက်တွင် (အချိန်)အနည်းငယ်မှလွဲ၍ နေနိုင်ကြမည် မဟုတ်ပေ။ |