Quran with Burmese translation - Surah Al-Isra’ ayat 78 - الإسرَاء - Page - Juz 15
﴿أَقِمِ ٱلصَّلَوٰةَ لِدُلُوكِ ٱلشَّمۡسِ إِلَىٰ غَسَقِ ٱلَّيۡلِ وَقُرۡءَانَ ٱلۡفَجۡرِۖ إِنَّ قُرۡءَانَ ٱلۡفَجۡرِ كَانَ مَشۡهُودٗا ﴾
[الإسرَاء: 78]
﴿أقم الصلاة لدلوك الشمس إلى غسق الليل وقرآن الفجر إن قرآن الفجر﴾ [الإسرَاء: 78]
Ba Sein ၇၈။ သင်သည် နေ့လည်မွန်းလွဲအချိန်မှစ၍ ညနေမှောင်မိုက်လာသောအချိန်တိုင်အောင် ဆွလတ်ဝတ်ပြုလော့။ ထို့အပြင် နံနက်နေအာရုဏ်တက်အချိန်တွင် ဆွလတ်ဝတ်ပြု၍ ကုရ်အာန်ကျမ်းတော်ကြီးကို ရွတ်ဖတ်လော့။ အမှန်ကိုဆိုသော် နံနက် ကုရ်အာန်ကျမ်းတော်ကြီးကို ရွတ်ဖတ်ခြင်းကို အမြဲနားထောင်မှတ်သားထား၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် နေမွန်းလွဲချိန်မှစ၍ ညဉ့်မှောင်ချိန်အထိ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ၎င်းပြင် မိုးသောက်ချိန် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ဧကန်မလွဲ မိုးသောက်ချိန် ဆွလာတ်ဝတ်ပြုမှုသည် (မလာအိကဟ် ကောင်းကင်တမန်များ) လာရောက်ချိန်ပင် ဖြစ်ချေသတည်း။ |
Hashim Tin Myint အသင်သည် နေမွန်းလွဲချိန်ကစပြီး ညမှောင်ချိန်အထိ စွလာသ်ဝတ်ပြုမှုကို ဆောက်တည်ပါ။* အမှန်စင်စစ် မိုးသောက်ချိန် ကုရ်အာန်ကျမ်းတော်မြတ်ဖတ်ရွတ်မှု (ဖဂျရ်စွလာသ် ဝတ်ပြုမှု)သည် (ကောင်းကင်တမန်များ)လာရောက်ချိန်ပင်ဖြစ်သည်။ |