×

ည (၏အစိတ်အပိုင်းတွင် အိပ်ရာ) မှထ၍ အိပ်စက်ခြင်းမပြုဘဲ (နိုးကြားစွာနေလျှက်) သင့်အတွက် (အကျိုးရှိသော ကျမ်တော်မြတ်ကုရ်အာန်အား ရွတ်ဖတ်သရဇ္ဈာယ်ခြင်း) အပိုဝတ်ပြု ဆုတောင်းမှုကိုလည်း 17:79 Burmese translation

Quran infoBurmeseSurah Al-Isra’ ⮕ (17:79) ayat 79 in Burmese

17:79 Surah Al-Isra’ ayat 79 in Burmese (البورمية)

Quran with Burmese translation - Surah Al-Isra’ ayat 79 - الإسرَاء - Page - Juz 15

﴿وَمِنَ ٱلَّيۡلِ فَتَهَجَّدۡ بِهِۦ نَافِلَةٗ لَّكَ عَسَىٰٓ أَن يَبۡعَثَكَ رَبُّكَ مَقَامٗا مَّحۡمُودٗا ﴾
[الإسرَاء: 79]

ည (၏အစိတ်အပိုင်းတွင် အိပ်ရာ) မှထ၍ အိပ်စက်ခြင်းမပြုဘဲ (နိုးကြားစွာနေလျှက်) သင့်အတွက် (အကျိုးရှိသော ကျမ်တော်မြတ်ကုရ်အာန်အား ရွတ်ဖတ်သရဇ္ဈာယ်ခြင်း) အပိုဝတ်ပြု ဆုတောင်းမှုကိုလည်း ပြုလော့။ ထိုသို့ပြုလုပ်ခြင်းသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်နှင့်နီးစပ်စေပြီး တမလွန်ဘဝတွင် အရှင့်ခွင့်ပြုချက်ဖြင့် အရှင့်အစေခံများအတွက် ကြားဝင်စေ့စပ် ပေးခွင့်ရနိုင်သော (''မကာမုမဟ်မူဒ်''ခေါ်) ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှု၏အထွဋ်အထိပ်၌ ရပ်တည်စေသည့် အဆင့်သို့ ဖြစ်ပေါ်မြှင့်တင်စေလိမ့်မည်။

❮ Previous Next ❯

ترجمة: ومن الليل فتهجد به نافلة لك عسى أن يبعثك ربك مقاما محمودا, باللغة البورمية

﴿ومن الليل فتهجد به نافلة لك عسى أن يبعثك ربك مقاما محمودا﴾ [الإسرَاء: 79]

Ba Sein
၇၉။ ထို့အပြင်သင်သည် ညဉ့်နက်သန်းခေါင်အချိန်၌ ဆွလတ်ဝတ်ပြုရန် ကုရ်အာန်ကျမ်းတော်ကို ဖတ်ရန် သင်နိုးကြား လော့၊ ယင်းသို့ပြုလုပ်ခြင်းသည် အလွန်အကျိုးများ၏။ သင်၏ အရှင်သခင်သည် သင့်အား အလွန်ချီးမွမ်းဖွယ် ကောင်းသောဂုဏ်ကျက်သရေရှိသောနေရာဌာနသို့ မြှင့်တင်တော်မူမည်။
Ghazi Mohammad Hashim
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်ညဉ့်၌တစ်ဖန်တဟဂျွဒ်ဆွလာတ်ကိုလည်း မိမိ၌အပို(တာဝန်)အဖြစ် ဆောက်တည်ပါလေ။ အမှန်စင်စစ် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မကာမု မဟ်မူဒ်သို့ အသင့်အား ပို့တော်မူအံ့သတည်း။
Hashim Tin Myint
ထို့ပြင် အသင်သည် ည၌ သဟဂျ်ဂျွဒ်စွလာသ်ကိုလည်း အသင့်အတွက် အပိုအဖြစ် ‌ဆောက်တည်ပါ။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင့်အား မကားမှ မဟ်မူဒ်သို့ ပို့‌ပေး‌တော်မူမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek