Quran with Burmese translation - Surah Al-Isra’ ayat 80 - الإسرَاء - Page - Juz 15
﴿وَقُل رَّبِّ أَدۡخِلۡنِي مُدۡخَلَ صِدۡقٖ وَأَخۡرِجۡنِي مُخۡرَجَ صِدۡقٖ وَٱجۡعَل لِّي مِن لَّدُنكَ سُلۡطَٰنٗا نَّصِيرٗا ﴾
[الإسرَاء: 80]
﴿وقل رب أدخلني مدخل صدق وأخرجني مخرج صدق واجعل لي من لدنك﴾ [الإسرَاء: 80]
Ba Sein ၈ဝ။ တမန်တော် သင်သည် ဆုတောင်းလော့။ အို-အကျွနု်ပ်၏ အရှင်သခင် အကျွနု်ပ်အား ကောင်းသောဝင်ခြင်းကို ဝင်စေတော်မူပါ။ ၎င်းအပြင် ကောင်းသောထွက်ခြင်းကို ထွက်စေတော်မူပါ။ အကျွနု်ပ်အား ကူညီဖို့ရာ အရှင်၏ အထံတော်မှ တန်ခိုးအာဏာပေးသနားတော်မူပါ။ |
Ghazi Mohammad Hashim ၎င်းပြင် အသင်သည် အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား (မဒီနဟ်မြို့တော်သို့) နှစ်သက်ကောင်းမွန်စွာဝင်ရောက်စေခြင်းမျိုးနှင့်ဝင်ရောက် စေတော်မူပါ။ ထိုနည်းတူစွာအရှင်မြတ်သည် ကျွန်တော်မျိုးအား (မက္ကဟ်မြို့တော်မှ)နှစ်သက်ကောင်းမွန်စွာ ထွက်စေခြင်းမျိုးနှင့် ထွက်စေတော်မူပါ။ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိအထံတော်မှ ကူညီစောင်မမည့် အားအင်စိုးမိုးမှုကို ချီးမြှင့်ပေးသနားတော်မူပါဟု လျှောက်ထားလျက်ရှိပါလေ။ |
Hashim Tin Myint ထို့ပြင် (အို- တမန်တော်)အသင်သည် (ဤသို့)လျှောက်ထားပါ- “အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အား (မဒီနဟ်မြို့တော်သို့)နှစ်သက်ကောင်းမွန်သော ထွက်စေခြင်းမျိုးဖြင့် ထွက်စေတော်မူပါ။* ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား အရှင့်ထံမှ ကူညီပံ့ပိုးမည့် အားအင်စိုးမိုးမှုကို ပေးသနားတော်မူပါ“။ |