﴿وَلَئِن شِئۡنَا لَنَذۡهَبَنَّ بِٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ ثُمَّ لَا تَجِدُ لَكَ بِهِۦ عَلَيۡنَا وَكِيلًا ﴾
[الإسرَاء: 86]
(စင်စစ် တမန်တော်မုဟမ္မဒ်သည် မယုံကြည်သူများက စွပ်စွဲသကဲ့သို့ ကျမ်းတော်မြတ်ကုရ်အာန်ကို ရေးသားသူ အလျှင်း မဟုတ်ပေ။ ယင်းကို အရှင်မြတ်သည်ပင် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခြင်းဖြစ်၏။) အကယ်၍ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီအလိုရှိတော်မူလျှင် အသင့်ထံသို့ ငါအရှင် မြတ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူခဲ့သည့် (ကုရ်အာန်ကျမ်းတော်မြတ်အား သင်တို့၏ နှလုံးသားများ၌ မှေးမှိန်စေခြင်းဖြင့်လည်းကောင်း၊ မှတ်ဉာဏ်နှင့်မှတ်တမ်းမှတ်ရာများမှ ဖယ်ရှားတော်မူ၍လည်းကောင်း ယင်း) ကို အမှန်ပင် ပြန်လည်ရုပ်သိမ်းတော်မူနိုင်၏၊ ထို့နောက် သင်သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) နှင့်စပ်လျဉ်း၍ (ယင်းကို ပကတိအတိုင်း ပြန်လည်ရရှိလိုသောဆန္ဒဖြင့်) ငါအရှင်မြတ်နှင့်ဆန့်ကျင်ကာ ကာကွယ်စောင့်ရှောက် ပေးနိုင်မည့်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် (ရှာ) တွေ့နိုင်မည် မဟုတ်ပေ။
ترجمة: ولئن شئنا لنذهبن بالذي أوحينا إليك ثم لا تجد لك به علينا, باللغة البورمية
﴿ولئن شئنا لنذهبن بالذي أوحينا إليك ثم لا تجد لك به علينا﴾ [الإسرَاء: 86]