Quran with Burmese translation - Surah Al-Isra’ ayat 89 - الإسرَاء - Page - Juz 15
﴿وَلَقَدۡ صَرَّفۡنَا لِلنَّاسِ فِي هَٰذَا ٱلۡقُرۡءَانِ مِن كُلِّ مَثَلٖ فَأَبَىٰٓ أَكۡثَرُ ٱلنَّاسِ إِلَّا كُفُورٗا ﴾
[الإسرَاء: 89]
﴿ولقد صرفنا للناس في هذا القرآن من كل مثل فأبى أكثر الناس﴾ [الإسرَاء: 89]
Ba Sein ၈၉။ အကယ်စင်စစ် ငါသည် ဤကျမ်းတော်၌ လူသားတို့အဖို့အရာ ဥပမာအမျိုးမျိုးအဖုံဖုံကို တင်ပြထားတော်မူ၏။ သို့သော် လူသားတို့အနက် များလှစွာသောသူတို့သည် မိစ္ဆာအယူဝါဒမှတပါး အခြားတစုံတခုမှ လက်မခံကြချေ။ |
Ghazi Mohammad Hashim ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် လူတို့ (သိနားလည်ကြစေအံ့သော)ငှာ ဤကုရ်အာန်ကျမ်းတော် မြတ်တွင်ဥပမာပုံဆောင်ချက်အလုံးစုံကို နည်းအမျိုးမျိုးဖြင့် မိန့်ကြားထားတော်မူသည်။ သို့တစေလည်း(မက္ကာသားတို့အနက်)အများဆုံးသောသူတို့သည် ငြင်းပယ်မှုမှတစ်ပါး အခြားမည်သည်ကိုမျှ နှစ်သက်ခဲ့ ကြသည် မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူများအတွက် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် သာဓက(ဥပမာပုံဆောင်ချက်)များကို နည်းအမျိုးမျိုးနှင့် မိန့်ကြားတော်မူသည်။ သို့ရာတွင်လည်း အများစုသည် ငြင်းပယ်မှုမှလွဲ၍ မည်သည့်အရာကိုမှ နှစ်သက်ခဲ့ကြသည် မရှိပေ။ |