Quran with Burmese translation - Surah Al-Kahf ayat 13 - الكَهف - Page - Juz 15
﴿نَّحۡنُ نَقُصُّ عَلَيۡكَ نَبَأَهُم بِٱلۡحَقِّۚ إِنَّهُمۡ فِتۡيَةٌ ءَامَنُواْ بِرَبِّهِمۡ وَزِدۡنَٰهُمۡ هُدٗى ﴾
[الكَهف: 13]
﴿نحن نقص عليك نبأهم بالحق إنهم فتية آمنوا بربهم وزدناهم هدى﴾ [الكَهف: 13]
Ba Sein ၁၃။ အို-တမန်တော်၊ ငါသည် သူတို့၏ အကြောင်းအရာဝထ္ထုကို သင့်အား မှန်ကန်စွာဗျာဒိတ်ပေးတော်မူ၏။ မှတ်သားလော့၊ သူတို့သည် သူတို့၏ ကျေးဇူးတော်သခင်အား ယုံကြည်သောလုလင်ပျိုတို့ဖြစ်ကြ၏။ ငါသည် သူတို့အဖို့ လမ်းညွှန်ပြခြင်းကို တိုးပွားစေတော်မူ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့၏အတ္ထုပတိ္တအကြောင်းကို မှန်ကန်စွာ ပြောပြတော်မူလေသည်။ ဧကန်အမှန် ၎င်းတို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ကြကုန်သောလုလင်အချို့ပင် ဖြစ်ခဲ့ကြကုန်၏။ ထို့ပြင် ငါအရှင်မြတ်သည်၎င်းတို့၌ တရားလမ်းမှန်ရရှိမှုကို တိုးပွားများပြားစေတော်မူခဲ့ပေသည်။ |
Hashim Tin Myint ငါအရှင်မြတ်သည် အသင်(တမန်တော်)အား သူတို့အကြောင်းကို မှန်ကန်စွာ ပြောပြတော်မူမည်။ အမှန်စင်စစ် သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ယုံကြည်ခဲ့ကြသော လူငယ်တစ်စုဖြစ်ခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် သူတို့အား လမ်းမှန်ညွှန်ကြားပြသမှု တိုးပေးတော်မူခဲ့သည်။ |