Quran with Burmese translation - Surah Al-Kahf ayat 16 - الكَهف - Page - Juz 15
﴿وَإِذِ ٱعۡتَزَلۡتُمُوهُمۡ وَمَا يَعۡبُدُونَ إِلَّا ٱللَّهَ فَأۡوُۥٓاْ إِلَى ٱلۡكَهۡفِ يَنشُرۡ لَكُمۡ رَبُّكُم مِّن رَّحۡمَتِهِۦ وَيُهَيِّئۡ لَكُم مِّنۡ أَمۡرِكُم مِّرۡفَقٗا ﴾
[الكَهف: 16]
﴿وإذ اعتزلتموهم وما يعبدون إلا الله فأووا إلى الكهف ينشر لكم ربكم﴾ [الكَهف: 16]
Ba Sein ၁၆။ သင်တို့သည် ထိုသူတို့နှင့်တကွ အလ္လာဟ်အရှင်မြတ်မှတပါး သူတို့ကိုးကွယ်သောဘုရားတုများမှ ထွက်သွားသော အခါ လှိုင်ဂူထဲတွင် ခိုလှုံပုန်းအောင်းကြလော့၊ သင်တို့၏ အရှင်သခင်သည် မိမိ၏ ကောင်းကြီးမင်္ဂလာတော်ကို သင်တို့အဖို့အရာ ကျယ်ပြန့်စေတော်မူမည်။ သင်တို့၏ ဒုက္ခ၌ သင်တို့အဖို့ ချမ်းသာမှုကို စီစဉ်တော်မူမည်။ |
Ghazi Mohammad Hashim ထို့နောက် (ယင်းလုလင်တို့အနက် အချို့ကအချို့အား) အသင်တို့သည် ယင်း(အမျိုးသား)တို့ထံ မှလည်းကောင်း၊ အလ္လာဟ်အရှင်မှတစ်ပါး ထိုသူတို့ ကိုးကွယ်ဆည်းကပ်ကြကုန်သော ကိုးကွယ်ရာများထံ မှလည်းကောင်း၊ ခွဲခွာနောက်ဆုတ်ခဲ့ကြပြီးဖြစ်ပေရာ အသင်တို့သည် (ထို)ဥမင်လိုဏ်ခေါင်းသို့(သွားရောက်)ခိုလှုံကြလေကုန်။ အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်သည် မိမိကရုဏာတော်ကို အသင်တို့အပေါ်ဝယ် ဖြန့်၍ပေးသနားတော်မူပေမည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏အရေးကိစ္စကိုအထူး အကျိုးကျေးဇူးရှိစေရန် စီမံ၍ ပေးတော် မူမည် ဖြစ်သည်။ |
Hashim Tin Myint ထို့နောက် အသင်တို့သည် ထို(အမျိုးသား)များထံမှလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ သူတို့ ကိုးကွယ်သောအရာများမှလည်းကောင်း သီးသန့်ခွဲခွာနေခဲ့ကြပြီးသောအခါ အသင်တို့သည် (ထို)လိုဏ်ဂူထဲသို့ ခိုလှုံလိုက်ကြပါ။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အရှင်မြတ်၏ကရုဏာတော်အား အသင်တို့အပေါ်တွင် ပျံ့နှံ့အောင် ပြုလုပ်ပေးသနားတော်မူလိမ့်မည်။* ၎င်းနောက် အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏အရေးကိစ္စ၌ လွယ်ကူသောအကြောင်းခံများကို စီမံဖန်တီးပေးတော်မူမည်ဖြစ်သည်။ |