Quran with Burmese translation - Surah Al-Kahf ayat 27 - الكَهف - Page - Juz 15
﴿وَٱتۡلُ مَآ أُوحِيَ إِلَيۡكَ مِن كِتَابِ رَبِّكَۖ لَا مُبَدِّلَ لِكَلِمَٰتِهِۦ وَلَن تَجِدَ مِن دُونِهِۦ مُلۡتَحَدٗا ﴾
[الكَهف: 27]
﴿واتل ما أوحي إليك من كتاب ربك لا مبدل لكلماته ولن تجد﴾ [الكَهف: 27]
Ba Sein ၂၇။ ထို့အပြင် သင်၏ ကျေးဇူးတော်သခင်၏ ကျမ်းတော်မြတ်မှ သင့်အား ထုတ်ပြန်ချပေးသနားတော်မူသောဂါထာ တော်များကို ရွတ်ဖတ်လော့။ အရှင်မြတ်၏ ဗျာဒိတ်စကားတော်များကို ပြောင်းလဲနိုင်သူတစုံတယောက်မျှ မရှိချေ။ အလ္လာဟ်အရှင်မြတ်မှတပါး ခိုလှုံရာကို သင်သည် ရှာဖွေရနိုင်တော့မည်မဟုတ်ချေ။ |
Ghazi Mohammad Hashim ထို့ပြင် (အို-နဗီတမန်တော်)အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျမ်းဂန်မှမိမိထံသို့ ထုတ်ပြန်တော်မူခြင်းခံရသော အမိန့်တော်များကို(၎င်းတို့ရှေ့ဝယ်)ဖတ်ကြားပါလေ။ ထိုအရှင်မြတ်၏ အာယတ်တော်များကို ပြောင်းလဲမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိချေ။ စင်စစ် အသင်သည် ထိုအရှင်မြတ်(အထံတော်)မှတစ်ပါး ခိုကိုးရာဟူ၍ အလျှင်း တွေ့ရှိလိမ့်မည်မဟုတ်ပေ။ |
Hashim Tin Myint ထိုု့ပြင် အသင်(တမန်တော်)သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကျမ်းဂန်မှ အသင့်ထံသို့ ထုတ်ပြန်တော်မူခြင်းခံရသော အမိန့်တော်များကို(သူတို့၏ရှေ့၌)ဖတ်ကြားပါ။ အရှင်မြတ်၏အာယသ်တော်များကို ပြောင်းလဲမည့်သူ မည်သူမှမရှိပေ။ ၎င်းနောက် အသင်သည် အရှင်မြတ်မှလွဲ၍ ခိုကိုးရာ လုံးဝ တွေ့ရှိမည်မဟုတ်ပေ။ |